လှိုင်သာယာမြို့နယ်၌ အိမ်စီးကားနှင့် Light Truck ကားတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသား (၆)ဦး ထိခိုက်ဒဏ်ရာရရှိ
စော (NSS) - ဇူလိုင် ၁၆
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် အိမ်စီးကား နှင့် Light Truckကားတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသား (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၁၅ ရက်)၊ည(၉)နာရီဝန်းကျင်အချိန်တွင် လှိုင်သာယာမြို့နယ်၊ နဝဒေးအိမ်ယာရှေ့၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း ကရုဏာတွဲလက် (နာရေး/ရှင်ရေး)ကူညီမှု အသင်းထံမှ သိရသည်။
“ဘယ်လိုဖြစ်ပြီးတိုက်မိကြတာလဲတော့ မသိဘူး။ ကားနှစ်စီးလုံးက အမျိုးသား(၆)ယောက်ထိခိုက်ဒဏ်ရာရသွားပါတယ်။ ကျွန်တော်တို့ရောက်တော့ လူနာတွေက အောက်မှာရောက်နေပြီ ဘယ်ကားပေါ်မှာဘယ် နှစ်ယောက်ပါလဲတော့ မသိဘူး။ အသက်ကတော့ အားလုံး လူလတ်ပိုင်းတွေကြီးပဲ”ဟု ကရုဏာတွဲလက်(နာရေး/ရှင်ရေး) ကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ယာဉ်တိုက်မှုကြောင့် အမျိုးသား (၆)ဦးအနက် အမျိုးသားနှစ်ဦးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ကျန်ရှိသည့် အမျိုးသား (၄)ဦးအား လှိုင်သာယာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့်(ဇူလိုင်လ ၁၄ ရက်)၊ ည (၁၁)နာရီအချိန်တွင် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဥက္ကလာပလမ်းမပေါ် ကျောက်ရေတွင်းအနီး၌ HIJET နှင့် အိမ်စီးကားတို့ တိုက်မိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွေဘိုမြို့နယ်တွင် အသက်(၅၀)ကျော် အမျိုးသား(၂)ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ