ပုဇွန်တောင်မြို့နယ်၌ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံး
စော (NSS) - ဇူလိုင် ၁၂
ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ ပြီးခဲ့သည့် (ဇူလိုင်လ ၁၀ ရက်)၊ ည (၁၁)နာရီဝန်းကျင်အချိန်တွင် ပုဇွန်တောင်မြို့နယ်၊ စက်စမ်းဆီဆိုင်ရှေ့၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လင်းလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဖြစ်တာကတော့ သူတစ်စီးထဲဖြစ်တာပါ။ ဘေးနားမှာတော့ တန်းတွေပဲရှိတာပါ။ တန်းတွေကို တိုက်မိတယ်လို့ ထင်ပါတယ်။ ကားကတော့ တစ်စစီဖြစ်နေတယ်။ အရှိန်ပါလာတယ်လို့ထင်တယ် ကားကအပေါ်တစ်ခြမ်းလည်း မရှိတော့ဘူး”ဟု လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါယာဉ်ပေါ်တွင် လူ(၂)ဦး အနက် အသက် (၃၅)ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦးသည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးအား လသာမြို့နယ်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မဟာဗျူဟာမြောက်အားနည်းချက်ကို ပြင်ဆင်၍ ကမ္ဘာ့ဒေါ်လာစွန့်ခွာမှု၌ လိုက်ပါစီးမျောရတော့မည့် မြန်မာနိုင်ငံ (ဦးခင်မောင်ဇော်နှင့်တွေ့ဆုံခြင်း - ၂)
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ