Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစိုးရကောင်းတစ်ရပ်သည် လူထုနှင့်တိုက်ရိုက်သက်ဆိုင်သော အခြေခံအဆောက်အအုံဖြစ်သည့် လမ်း၊ တံတားများကို မဖျက်ဆီးဟု နိုင်ငံရေးပါတီအချို့ထောက်ပြ

သတင်းအဖွဲ့ (NSS) - ဇူလိုင် ၁၁

အစိုးရကောင်းတစ်ရပ်သည် လူထုနှင့်တိုက်ရိုက်သက်ဆိုင်သော အခြေခံအဆောက်အအုံဖြစ်သည့် လမ်း၊ တံတားများကို မဖျက်ဆီးကြောင်း နိုင်ငံရေးပါတီအချို့က ထောက်ပြပြောဆိုထားသည်။



ယခုရက်ပိုင်း၌ မြန်မာနိုင်ငံအတွင်းရှိ ကုန်စည်သယ်ယူပို့ဆောင်ရာတွင် အရေးပါသည့် လမ်းတံတားများကို PDF နှင့် တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းအဖွဲ့များက မိုင်းထောင်ဖျက်ဆီးမှုများ ရှိခဲ့သည်။


နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူထုနှင့်တိုက်ရိုက်သက်ဆိုင်သော အခြေခံအဆောက်အအုံဖြစ်သည့် လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ပြီး ကုန်စည်စီးဆင်းမှုများ မြန်ဆန်ကောင်းမွန်နေရန် လိုအပ်ကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က NP News ကို သုံးသပ်ပြောဆိုထားသည်။


“အစိုးရကောင်းတစ်ရပ်သည် နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်အောင် အခြေခံကျတဲ့ အခြေခံအဆောက်အအုံတွေကို တည်ဆောက်ပေးကြရတာ လူထုအတွက်။ ဆိုတော့ ဘယ်အစိုးရဖြစ်ဖြစ် ဒါက လုပ်ကိုလုပ်ရမယ့် လုပ်ငန်းဝတ္တရားဖြစ်တယ်။ ဒါမှ လူထုက ဖွံ့ဖြိုးတိုးတက်မှု အကျိုးရလဒ်ကို ခံစားရမှာ။ အဲဒါကြောင့် မည်သည့်အစိုးရက တည်ဆောက်ပေးခဲ့ပါစေ လူထုအကျိုးအတွက် တည်ဆောက်ထားတဲ့ အခြေခံအဆောက် အအုံတွေကို မည်သည့်အင်အားစုကမှ မဖြိုဖျက်အပ်ဘူး”ဟု ဒေါက်တာအေးမောင်က ထောက်ပြထား သည်။


ထို့ပြင် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် ပြည်တွင်းပဋိပက္ခအတွင်း အခြေခံအဆောက်အအုံများကို မည်သည့်အင်အားစုမဆို မဖြိုဖျက်သင့်ကြောင်းနှင့် လူထုနှင့်တိုက်ရိုက်ပတ်သက်သည့် အခြေခံအဆောက် အအုံများကို အသိအမှတ်ပြုစေလိုကြောင်းလည်း ၎င်းက မေတ္တာရပ်ခံထားသည်။


“အစိုးရတစ်ရပ်နဲ့ ပတ်သက်လို့ အခုနလို ဆန့်ကျင်မှုပဲရှိရှိပေါ့ဗျာ၊ အတိုက်အခံပဲရှိရှိပေါ့ဗျာ မတူတဲ့အမြင် ရှိရှိပေါ့ဗျာ လမ်းတို့၊ တံတားတို့၊ လျှပ်စစ်နဲ့ပတ်သက်တဲ့ တာဝါတိုင်တို့၊ ထရန်စဖော်မာကြီးတွေကို မဖြိုခွင်းအပ်ဘူး။ ဒါလူထုကို တိုက်ရိုက်အကျိုးပြုတယ်။ လူထုကပဲ ခံရတယ်။ အဲဒီတော့ SAC နဲ့စာရင် လူထုကို ပိုထိတာပေါ့ဗျာ”ဟု ဒေါက်တာအေးမောင်က သုံးသပ်ထားသည်။


ပြီးခဲ့သော ဇွန်လကုန်ပိုင်း၌ နိုင်ငံ၏ ကုန်စည်စီးဆင်းမှုတွင် အရေးပါသည့် မွန်ပြည်နယ်အတွင်းရှိ ကျုံအိတ်တံတားသည် KNLA၊ PDF ပူးပေါင်းအဖွဲ့၏ မိုင်းခွဲဖျက်ဆီးကို ခံခဲ့ရကာ လူ(၃)ဦးသေဆုံးထားပြီး လူ(၃၀)ဦးထက်မနည်းသည်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။


၎င်းကျုံအိတ်တံတားကို နစကအစိုးရအနေဖြင့် လက်ရှိအချိန်ထိ အပြီးသတ်ပြင်ဆင်နိုင်ခြင်း မရှိသေးသကဲ့သို့ PDF ပူးပေါင်း အဖွဲ့များကလည်း တံတားပြုပြင်သည့်လုပ်သားများကို ဒရုန်းဖြင့် ဗုံးပစ်ချတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိနေသည်။


“ဘယ်လိုပဲဖြစ်ဖြစ် အဖျက်နဲ့တိုင်းပြည်တည်ဆောက်ဖို့ ဘယ်လိုမှ သဘာဝမကျဘူးလို့ပဲ သဘောထားတယ်။ ရည်ရွယ်ချက်က ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ လုပ်လုပ် ဒီဟာက တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ကောင်းကျိုးပြုမယ့်လုပ်ရပ် မဟုတ်ဘူးလို့ မြင်ပါတယ်။ တကယ် နစ်နာဆုံးရှုံးတာက တိုင်းပြည်ပေါ့ဗျာ” ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ အထွေထွေ အတွင်းရေးမှူးဦးထွန်းရီက NP News ကို သုံးသပ်ပြောဆိုထားသည်။


အလားတူ ယမန်နေ့(ဇူလိုင်လ ၁၀ ရက်) နံနက် ၁ နာရီဝန်းကျင်အချိန်တွင်လည်း ကရင်ပြည်နယ်၊ ဘားအံ-သထုံကားလမ်း ပေါ်ရှိ တံတားတစ်စင်းသည်လည်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းကို ခံခဲ့ရသည်။

ယခုရက်ပိုင်းအတွင်း၌ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းအရှေ့ခြမ်းအတွင်းရှိ တံတားများသည် မိုင်းခွဲဖျက်ဆီးခြင်းကို ခံထားရသည်။


“ကျွန်တော်တို့ တိုင်းပြည်မှာ အဆောက်အအုံတစ်ခုဆောက်ဖို့က အတိုင်းအတာတစ်ခုထိ အချိန်ယူရတယ်။ အခုခေတ်က ဖျက်တာက လွယ်ပါတယ်။ စနက်တံလေးတစ်ခုလောက် ချိတ်လိုက်ရင် ပျက်သွားတဲ့သဘောရှိတဲ့အခါကြတော့ တိုင်းပြည်ကို ပျက်စီးရာ ပျက်စီးကြောင်း ရှေးရှုတဲ့သဘောပေါ့ဗျာ။ တကယ့်တကယ်ကြတော့ သူနစ်နာတယ်။ ကိုယ်နစ်နာတယ် ပြောလို့မရပေမယ့် တိုင်းပြည်နစ်နာတယ်။ တိုင်း ပြည်နစ်နာတာနဲ့အမျှ တိုင်းပြည်ဆိုတာ တိုင်းသူ၊ ပြည်သားတွေနဲ့ တည်ဆောက်ထားတဲ့အခါကြတော့ တိုင်းသူ၊ ပြည်သားတွေ နစ်နာတဲ့သဘောပေါ့” ဟု ဦးထွန်းရီက ထောက်ပြပြောဆိုထားသည်။


ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်းက လမ်းတံတားများ ဖျက်ဆီးခံရမှုကြောင့် ကုန်စည်စီးဆင်းမှုများ နှောင့်နှေးကြန့်ကြာကာ ကုန်ဈေးနှုန်းမြင့်တက်လာမှုများရှိကြောင်း NP News ကို သုံးသပ်ပြောဆိုထားသည်။


“ကျွန်တော့အမြင်နဲ့ပြောရရင် ဒါတွေက အဖျက်လုပ်ငန်းသက်သက်ပဲလို့ မြင်ပါတယ်။ ဘာကြောင့်လဲဆို ပျက်စီးသွားရင် ဖြစ်လာမယ့် အကျိုးဆက်က လမ်းပန်းဆက်သွယ်ရေးတွေ နှောင့်နှေးကြန့်ကြာကုန်မယ်။ ကုန်စည်စီးဆင်းမှုတွေ ပျက်ကုန်မယ်။ ကုန်တွေကရောက်သင့်တာတွေမရောက်တော့ ဈေးတွေကြီးကုန်မယ်။ ကုန်ဈေးနှုန်းတက်ရတဲ့ အကြောင်းအရင်းမှာ အဲဒါတွေအများကြီးဖြစ်လာတယ်။ နောက်တစ်ခါ ဒီလိုတွေလုပ်တော့ အကြောက်တရားတွေစိုးမိုးပြီး တစ်ချို့သွားရ၊ လာရမယ့်သူတွေက မသွားရဲ၊ မလာရဲတွေဖြစ်ကြတယ်။ အဲဒီရဲ့ အဟန့်အတားကြောင့်လည်း မလိုအပ်ဘဲ ကုန်စည်စီးဆင်းမှုကို အများကြီး အနှောင့်အယှက်ဖြစ်စေပါတယ်”ဟု ဦးလှသိန်းက ဆိုသည်။


မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူပြီးနောက်ပိုင်းတွင် လက်နက်ကိုင် ပဋိပက္ခများစွာ ဖြစ်ပွားလာခဲ့ပြီး လမ်းတံတားများ၊ နိုင်ငံပိုင်အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ လျှပ်စစ်တာဝါတိုင်များသည် ပုံစံမျိုးစုံဖြင့် ဖျက်ဆီးခြင်းကို ခံရလျက်ရှိသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အီလွန်မတ်က လက်ဝှေ့ကြိုးဝိုင်းအစား ငယ်ပါ ဘယ်သူပိုကြီးလဲ ယှဉ်ပြိုင်ရန် ဇူကာဘတ်ကို ထပ်မံစိန်ခေါ်

RELATED POSTS
RECENT POSTS
မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများမှ အနောက်တောင်မုတ်သုံလေဆုတ်ခွာသွားပြီဟု မိုးဇလထုတ်ပြန်
07 Oct 2024
ကျောက်ဖြူမြို့နယ်ရှိ ဝက်အင်းနဂါးရွှံ့မီးတောင်မှာ (၉)နှစ်တာကာလအတွင်း (၆)ကြိမ်မြောက် ပေါက်ကွဲမှုဖြစ်ပွား
07 Oct 2024
တောင်ပေါ်မြေက ရေဘေးပြန်လည်ထူထောင်ရေးနဲ့ ပရဟိတသမားဘဝ (အင်တာဗျူး)
07 Oct 2024
ခေတ်ပြိုင်ကာလများတွင် မဟတ္တမဂန္ဒီ၏ ဘဝနှင့် အမွေအနှစ်များ
07 Oct 2024
ပိတ်ဆို့အရေးယူတတ်သူများကို BRICS တွင် ပါဝင်ခွင့် မပေးကြောင်း ရုရှားကြေညာ
07 Oct 2024
ဥရောပသမဂ္ဂဈေးကွက် ပျောက်သွားနိုင်သည့်အချက် ပြင်သစ်သမ္မတ သတိပေး
07 Oct 2024
သန်းခေါင်စာရင်းကောက်ပြီး ပြန်လာသည့် ပညာရေးဝန်ထမ်း(၆)ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး စာရေးမတစ်ဦးကို PDF အဖွဲ့က ဖမ်းဆီး
07 Oct 2024
စစ်ပွဲပဋိပက္ခများနှင့်အပြိုင် ကောက်ယူနေရသည့် သန်းခေါင်စာရင်း
07 Oct 2024
မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင် ယနေ့ နံနက်အစောပိုင်းတွင် ကွယ်လွန်
07 Oct 2024
ထိုင်း ဒူးရင်းသီးများ၌ ကက်ဒ်မီယမ်ဓါတ် ပါဝင်နေဟု တရုတ်သတိပေး
07 Oct 2024
လွတ်ငြိမ်းခွင့်ရတဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေးအခြေအနေ၊ မြန်မာအရေးအတွက် နိုင်ငံတကာညီလာခံတစ်ခု လာအိုမှာ ပေါ်လာဖို့ရှိ၊ ရခိုင်မှာ မီးတောင် ပေါက်ကွဲမှုဖြစ်၊ လားရှိုးလေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲကြားက သတင်းသမား (၁ဝ-၆-၂ဝ၂၄)
06 Oct 2024
"ဝ" ကို တရုတ်ဖိအားပေးတဲ့အချက်အလက်တွေ ပေါက်ကြားမှု၊ NUG တက်တဲ့ ဂျာကာတာ အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးကြသလဲ၊ ယုန်လေးတို့ရဲ့ဂန်းစတား အဆင်ပြေပါ့မလား၊ ကမ္ဘာ့ဆရာများနေ့နဲ့ ဗိုလ်ချုပ်မှူးကြီး ပြောစကား (၅-၁ဝ-၂ဝ၂၄)
06 Oct 2024
နစကကို ပုန်ကန်သူတွေအတွက် ‌ဒေါ်လာ သန်း(၆၅ဝ)ကျော် အမေရိကန်တို့ပေးခဲ့၊ ပြည်ပြေး(၃ဝဝ)ဆီကနေ ဘတ်သန်းရာချီ လိမ်ပြေးတဲ့ NUG ဘက်တော်သား၊ မြေရှားသတ္တု ဒေါ်လာ သန်း(၆ဝဝ)ကျော်ဖိုး နစကအစိုးရ ရခဲ့သလား ၊ TNLA-MNDAA နဲ့ AA တို့ရဲ့သတင်းအတိုအထွာများ (၄-၁ဝ-၂ဝ၂၄)
05 Oct 2024
မိုးကုန်တော့မည်ဖြစ်သော်လည်း နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း(၈)မြို့နယ်ထက်မနည်း ရေဘေးကြုံနေဆဲဖြစ်
04 Oct 2024
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved