အီလွန်မတ်က လက်ဝှေ့ကြိုးဝိုင်းအစား ငယ်ပါ ဘယ်သူပိုကြီးလဲ ယှဉ်ပြိုင်ရန် ဇူကာဘတ်ကို ထပ်မံစိန်ခေါ်
Pika (NSS) - ဇူလိုင် ၁၁
တွစ်တာကုမ္ပဏီပိုင်ရှင်အီလွန်မတ် နှင့် ဖေ့စ်ဘုတ်တည်ထောင်သူ ဇူကာဘတ်တို့ကြား ရန်စ သည် ပိုမိုအရှိန်မြင့် လာခဲ့ပြီး ၎င်းတို့နှစ်ဦးသည် လိင်အင်္ဂါပိုင်းကိုတိုင်းတာခြင်းဖြင့် ယှဉ်ပြိုင်သင့်ကြောင်း အီလွန်မတ်က အကြံပြု ပြောဆိုခဲ့သည်။
အီလွန်မတ် က "ဇူကာဘတ်ဟာ လိင်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိနေတဲ့ သူတစ်ယောက်ပါ။ သူနဲ့ ကျွန်တော်ရဲ့ ငယ်ပါ ဘယ်သူပိုကြီးလဲဆိုတာ တိုင်းတာဖို့ စိန်ခေါ်ပါတယ်" ဟု ပြောဆိုခဲ့သည်။
အီလွန်မတ်နှင့် ဇူကာဘတ်တို့သည် ပြီးခဲ့သည့် သီတင်းပတ်များစွာကတည်းက ဆိုရှယ်မီဒီယာပေါ်တွင် အချေအတင်ဖြစ်နေခဲ့ခြင်းဖြစ်ပြီး ဇူကာဘတ်သည် ကြိုးဝိုင်းထဲတွင် ထိုးသတ်ရန် စိန်ခေါ်လိုက်သည့် အီလွန်မတ်၏ စိန်ခေါ်မှုကို ပြီးခဲ့သည့်လက လက်ခံခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း Meta ကုမ္ပဏီသည် အီလွန်မတ်၏ တွစ်တာကို ယှဉ်ပြိုင်ရန်အတွက် Threads အမည်ရှိ အပ်ပ်တစ်ခုကို ထုတ်လုပ်ဖြန့်ချိခဲ့ကြောင်း သိရသည်။ အဆိုပါအပ်ပ်သည် တရားဝင်ဖြန့်ချိပြီး (၅)ရက်အကြာတွင် အသုံးပြုသူ သန်း(၁ဝဝ) ထိရှိခဲ့ကြောင်း ဇူကာဘတ်က ထုတ်ဖော်ပြောဆိုခဲ့သည်။
အီလွန်မတ်ကို ကိုယ်စားပြုသည့် ဥပဒေကုမ္ပဏီတစ်ခုက Meta ကုမ္ပဏီသည် Threads အပ်ပ်ကို ဖန်တီးရန်အတွက် တွစ်တာ၏ လျှို့ဝှက်ချက်များကို ခိုးယူခဲ့သည်ဆိုသည့်စာတစ်စောင်ကို ပြီးခဲ့သည့်သီတင်းပတ်က ပေးပို့ခဲ့ကြောင်း သိရသည်။
အီလွန်မတ်က "ယှဉ်ပြိုင်မှုက ကောင်းပါတယ်။ ဒါပေမယ့် လျှို့ဝှက်ချက်တွေကို ခိုးယူတာမျိုးကတော့ မကောင်းပါဘူး" ဟု ပြောဆိုခဲ့သည်။ ထို့အပြင် Meta ကုမ္ပဏီသည် တွစ်တာ၏ ဝန်ထမ်းဟောင်း ဒါဇင်ပေါင်းများစွာကို ငှားရမ်းကာ ကော်ပီအပ်ပ်တစ်ခုဖြစ်သော Threads ကို ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း အီလွန်မတ် က စွပ်စွဲပြောဆိုခဲ့သည်။
Metaကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ Andy Stone သည် အီလွန်မတ်၏ စွပ်စွဲပြောဆိုချက်များကို ငြင်းဆိုခဲ့ပြီး Threads အင်ဂျင်နီယာအဖွဲ့တွင် တွစ်တာကုမ္ပဏီ၏ ဝန်ထမ်းဟောင်းများ တစ်ဦးမျှ မပါဝင်ကြောင်း ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
MAI လေကြောင်းလိုင်းပိုင်ဆိုင်တဲ့ ဘဏ်အကောင့်ငါးခုကို သြဂုတ်လအတွင်း အပြီးပိတ်သိမ်းမယ်လို့ စင်ကာပူဘဏ် ဆို
RELATED POSTS
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း
29 Sep 2024 | လူမှုရေး,ပြည်တွင်း