Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပုန်ကန်သည်ဆိုသူ ဝက်ဂ်နာတပ်မှူးနှင့် ပူတင်အပါအဝင် ရုရှားထိပ်တန်းဗိုလ်ချုပ်ကြီးများ မျက်နှာစုံညီတွေ့ဆုံခဲ့ကြောင်း ကရင်မလင်အတည်ပြု

Htay Oung (NSS) - ဇူလိုင် ၁၁

ဝက်ဂ်နာ ကြေးစားတပ်မှူး ယက်ဂါနီ ပရီဂိုဇင်ဟာ နိုင်ငံတော်ကိုပုန်ကန်ပြီး သစ္စာဖောက်မှုမှာ ဦး ဆောင်ခဲ့သူအဖြစ် ဗလာဒီမာပူတင်က ရှုတ်ချပြောဆိုခဲ့ပေမယ့် ရက်အနည်းငယ်အကြာ ကရင်မလင်မှာ ဝက်ဂ်နာတပ်မှူးနဲ့ ပူတင်အပါအဝင် ရုရှားထိပ်တန်းဗိုလ်ချုပ်ကြီးများ ပထမဆုံးအကြိမ်အဖြစ် မျက်နှာစုံ ညီတွေ့ဆုံခဲ့ကြောင်း ရုရှားသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့ (ဇူလိုင်လ ၁ဝ ရက်)မှာ အတည်ပြုလိုက်တယ်လို့ Reuters က ယမန်နေ့ (ဇူလိုင်လ ၁ဝ ရက်)မှာ ရေးသားပါတယ်။

၁၉၉၉ ခုနှစ် သမ္မတတာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း ပူတင်အတွက် အဆိုးရွားဆုံးစိန်ခေါ်မှုအဖြစ် အများ မှတ်ယူထားကြတဲ့ ဝက်ဂ်နာပုန်ကန်မှု ဖျက်သိမ်းပြီး နောက်ငါးရက်အကြာ ဇွန်လ ၂၉ ရက်မှာ တွေ့ဆုံခဲ့ကြခြင်းဖြစ်တယ်လို့ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ရ်ှကော့ဗ်ရဲ့ အဆိုအရ သိရှိရပါတယ်။

ဒါပေမဲ့ ဝက်ဂ်နာတို့ ပုန်ကန်တယ်ဆိုတဲ့ ဇွန်လ ၂၄ ရက်ဖြစ်စဉ် အများအပြားနဲ့ အဲဒီကိစ္စနောက်ဆက် တွဲရလဒ်များအပေါ် အာဏာပိုင်များက ဘယ်လို ကိုင်တွယ်ဖြေရှင်းခဲ့တယ်ဆိုတာကိုလည်း ရှင်း ရှင်းလင်းလင်း မသိရသေးပါဘူး။

အထူးဆန်းဆုံး ဖြစ်နေတာကတော့ ပရီဂိုဇင်အနေနဲ့ သူတို့ပုန်ကန်မှုအဆုံးသတ်ရလောက်တဲ့ သဘော တူညီချက်အတိုင်း အပြည့်အဝဆောင်ရွက်ခဲ့ပုံ မပေါ်သေးခြင်းဖြစ်ပါတယ်။ ဝက်ဂ်နာတို့ရဲ့ အနာဂတ်အစီအစဉ်များနဲ့ သူတို့ရဲ့ တိုက်ခိုက်ရေးသမားတွေ ဘယ်လိုရှိနေကြောင်း၊ သူတို့အပေါ် ကရင်မလင်က အပြစ်ပေးခဲ့ပုံလည်း မတွေ့ရပါဘူး။

နောက်ကျော ဓားနဲ့ထိုးတဲ့ နိုင်ငံတော် သစ္စာဖောက်ဖျက်မှုဖြစ်တယ်လို့ ရုရှားခေါင်းဆောင်က ပြောဆိုရလောက် အောင် ပရီဂိုဇင်နဲ့ သူ့ရဲ့ဝက်ဂ်နာတပ်မှူးတွေအတွက် ရုရှားနိုင်ငံကို ဖရိုဖရဲ ပြည်တွင်းချောက် ကမ်းပါးအတွင်း တွန်းပို့နိုင်တဲ့ နောက်ကွယ်အချက်တွေက ဘာတွေဖြစ်မလဲဆိုတာလည်း မေးခွန်း ထုတ်စရာ ရှိနေပါတယ်။

၃ နာရီကြာတွေ့ဆုံမှုမှာ ပရီဂိုဇင်နဲ့ ဝက်ဂ်နာတပ်မှူးတွေအပါအဝင် လူပုဂ္ဂိုလ် ၃၅ ဦး တက်ရောက်ခဲ့ကြောင်း၊ ယူကရိန်း အထူးစစ်ဆင်ရေး ရှေတန်းမှာ ဝက်ဂ်နာတို့ရဲ့ တာဝန်ထမ်းဆောင်ခဲ့ပုံကို မူတည်ပြီး ဇွန်လ ၂၄ ရက် (ပုန်ကန်မှု) ဖြစ်စဉ်အပေါ် သမ္မတကြီးက အကဲဖြတ်ခဲ့တယ်လို့ သူ့အနေနဲ့ မှတ်ချက်ပေးလိုကြောင်း၊ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး တပ်မှူးများရဲ့ ကိုယ်တိုင်ရှင်းပြချက်များကို ပူတင်က နားထောင်ခဲ့ပြီး သူတို့ရဲ့ အလုပ်အ ကိုင်နဲ့ တိုက်ပွဲအတွက် နောက်ထပ်ရွေးချယ်စရာများကို ကမ်းလှမ်းခဲ့ကြောင်း ပက်ရ်ှကော့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။

အကျဉ်းချုံးပုန်ကန်မှုမှာ ဝက်ဂ်နာတိုက်ခိုက်ရေးသမားတွေက ရုရှားတောင်ပိုင်းမြို့ ရော့စ်တော့ဗ်အွန်ဒွန်မြို့နဲ့ စစ်ဌာနချုပ်အဆောက်အဦကို သိမ်းပိုက်ခဲ့ပြီး အရေအတွက် ဖော်ပြထားခြင်း မရှိတဲ့ စစ်ရဟတ်ယာဉ်တို့ကို ပစ်ချခဲ့တဲ့အတွက် လေယာဉ်မှူးများ သေဆုံးခဲ့ကြောင်း တွေ့ရှိရပါတယ်။

တွေ့ဆုံမှုမှာ ဝက်ဂ်နာတပ်မှူးများအနေနဲ့ ပူတင့်အပေါ် သူတို့ရဲ့သစ္စာစောင့်သိမှုကို ထပ်မံအတည်ပြုခဲ့ကြောင်း၊ နိုင်ငံတော်အကြီးအကဲနဲ့ စစ်ဦးစီးချုပ်တို့အပေါ် အခိုင်အမာ ထောက်ခံသူ စစ်သည်တော်များဖြစ်ပြီး အမိမြေ အတွက် ဆက်လက်တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေကြောင်းလည်း အလေးအနက် ဖော်ပြခဲ့ကြတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

၁၉၁၇ ခုနှစ် ရုရှားတော်လှန်ရေးကာလတွင် ရုန်းရင်းဆန်ခတ်ဖြစ်စဉ်များနဲ့ ပူတင်က နှိုင်းယှဉ်ခဲ့တဲ့ ဝက်ဂ်နာ ပုန်ကန်မှုမှာ ဘီလာရု့စ်နိုင်ငံခေါင်းဆောင် အလက်ဇန္ဒြား လူကာရှန်ကိုရဲ့ ကြားဝင်စေ့စပ်မှုနဲ့ (နာရီပိုင်းအကြာမှာ) နိဂုံးချုပ်သွားခဲ့ပါတယ်။ပူတင်နဲ့ ကရင်မလင်အစိုးရကတော့ သဘာပတိအဖြစ် သမ္မတက ဦးဆောင်တဲ့ ပုံမှန် အစည်းအဝေးများကို ဆက်လက်ကျင်းပနေပါတယ်။ ကော့ကေးဆပ်မြောက်ပိုင်း ဒါဂစ်စတန်သမ္မတနိုင်ငံ ပြည်သူများထံကို ပူတင်က သွားရောက်လည်ပတ်ခြင်း ကရင်မလင်နန်းတော် ဧည့်ကြို မိန်းကလေးငယ်တစ်ဦးက ပန်းစည်းဆက်တာကို လက်ခံပြခြင်းဖြင့် (အစိုးရအုပ်ချုပ်ရေး) ပုံမှန်အတိုင်း ရှိနေကြောင်း ပြသခဲ့ကြပါတယ်။

အခြား အပြောင်းအလဲ တစ်ခုကတော့ ဝက်ဂ်နာ ပုန်ကန်မှု မအောင်မမြင် ဖြစ်ရပြီးနောက် ရုရှား ထိပ်တန်း ဗိုလ် ချုပ်ကြီး ကာကွယ်ရေးဦးစီးချုပ် ဗယ်လာရီ_ဂျာရာစီမော့ဗ်ကို လူပုံအလည်မှာ ပထမဆုံး မြင်တွေ့ခဲ့ရခြင်းပဲဖြစ် ပါတယ်။ သူဟာ ယူကရိန်း ဒုံးကျည်ပစ်စင်နေရာများကို ဖျက်ဆီးရန် အမိန့်ပေးခဲ့ကြောင်း ယူဆရသူဖြစ်ပြီး ၂၀၂၂-ခုနှစ် မတ်လ ယူကရိန်းအရှေ့ပိုင်း ခါကိဗ်ဒေသ စစ်မြေပြင်မှာ သုတ်သင်လိုက်ပြီဖြစ်ကြောင်း ကိယက်ဗ် စစ်ထောက်လှမ်းရေးတို့က သတင်းထုတ်ပြန်ခဲ့ဖူးသူဖြစ်ပါတယ်။ပူတင်ရဲ့ လက်ထောက် ရုရှားတပ်မတော်မှာ သြဇာအကြီးဆုံး စစ်ဘက်အရာရှိနှစ်ဦးဖြစ်ကြတဲ့ ကာကွယ်ရေး ဝန်ကြီး ဆာဂီး_ရှိအီဂူ (၆၈- နှစ်) နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗယ်လာရီ_ဂျာရာစီမော့ဗ် (၆၇-နှစ်) တို့ကို ရာထူးမှ ထုတ်ပယ်ရန် ဝက်ဂ်နာ တပ်မှူး ပရီဂိုဇင်က တောင်းဆိုထားကြောင်း သတင်းများလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးစလုံးဟာ ပူတင်နဲ့အတူ ဆက်လက်တည်ရှိနေကြောင်း တနင်္လာနေ့ မော်စကို ကာကွယ်ရေးဌာန ရုပ်သံသတင်းများမှာ တွေ့မြင်ကြရပါတယ်။

ထိပ်တန်းဗိုလ်ချုပ်များတွေ့ဆုံပွဲမှာ စစ်ဆင်ရေးဋ္ဌာန သဘာပတိအဖြစ်အဖြူရောင်သားရေ ထိုင်ခုံပေါ်မှ ဗိုလ်ချုပ် ကြီး ဂျာရာစီမော့ဗ်ဟာ ဆာဂီး_ဆိုရိုဗီကင်ရဲ့လေကြောင်းတပ်ဖွဲ့မှ လက်ထောက် ဗစ်တာ_အက်ဇာလော့ဗ်ရဲ့ အစီရင်ခံချက်များအပေါ် ပြန်လှန်မေးခွန်းထုတ်နေကြောင်း ပြသထားပါတယ်။

ရုရှား လေကြောင်းတပ်ဖွဲ့ အကြီးအကဲ ဆာဂီး_ဆိုရိုဗီကင်ဟာ (သူတို့တပ်များကို ဒုံးကျည်များနဲ့ ပစ်ခတ်ခံရ တယ်လို့ ) ဝက်ဂ်နာပုန်ကန်မှုဖြစ်ပွားပြီးကတည်းက လူမြင်ကွင်းမှ ပျောက်ကွယ်နေပြီး ထိန်းသိမ်းခံထားရကြောင်း ကောလဟလသတင်းများလည်း ထွက်ပေါ်နေပါတယ်။

ပုန်ကန်မှုမစတင်မီ လများအတွင်း ပရီဂိုဇင်ရဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့အပေါ် ရိုင်းပြစွာ ဆဲဆိုမှုများဟာ ရုရှားထိပ်တန်းအရာရှိများအကြား အထိတ်တလန့်ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ ပူတင်နဲ့ သက် ဆိုင်ရာ ကာယကံရှင်နှစ်ဦးကတော့ လူသိရှင်ကြား ဖြေရှင်းခြင်း မရှိခဲ့ပါဘူး။

မော်စကိုက "အထူးစစ်ရေးစစ်ဆင်ရေး" လို့ ခေါ်ဝေါ်တဲ့ ယူကရိန်းစစ်ပွဲမှာ ပူတင်ရဲ့ စစ်ဘက်လက်ထောက် တွေဟာ အရည်အချင်း ကင်းမဲ့ပြီး သစ္စာဖောက်တွေဖြစ်ကြောင်း ပရီဂိုဇင်က စွပ်စွဲထားပြီး ကျဆုံး စစ်သားများရဲ့ မစင်ကို ငရဲပြည်မှာ စားသောက်ခိုင်းရမယ်လို့ ပြောဆိုခဲ့ပါတယ်။

ပုန်ကန်မှုစတင်မယ့်ရက်သတ္တပတ်မှာတော့ ပရီဂိုဇင်က စစ်ပွဲအတွက် ရုရှားရဲ့ တရားမျှတမှုကို ဝေဖန်ခဲ့ပြီး စစ် ဖြစ်ရခြင်း အကြောင်းရင်းနဲ့ အပြုအမူနှစ်ခုလုံးမှာ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပူတင်အပေါ် လိမ်လည် နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဝက်ဂ်နာတို့ရဲ့ ပုန်ကန်မှုဟာ ကာကွယ်ရေးဋ္ဌာန ထိပ်တန်း အရာရှိကြီးများရဲ့ လုပ်ရပ်များကို ဖော်ထုတ်ရန် ရည်ရွယ်ပြီး အာဏာသိမ်းရန် သို့မဟုတ် ပူတင့်အပေါ် စိန်ခေါ်ရန် မဟုတ်ကြောင်း လည်း ပြောဆိုခဲ့ပါတယ်။

ဇွန်လ ၂၃-၂၄ ရက် ပုန်ကန်မှု အဆုံးသတ်ပြီးနောက် ဝက်ဂ်နာတို့ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်ကြောင်း၊ ပရီဂိုဇင်က ရုရှားနိုင်ငံအတွင်းမှာပဲ ရှိနေကြောင်း လွန်ခဲ့တဲ့ လေးရက်တုန်းက ပြောဆိုခဲ့သူဟာ ပုန်ကန်မှုမှာ ကြားဝင်စေ့စပ်ပေးခဲ့သူ ဘီလာရု့စ်သမ္မတ လူကာရှန်ကို ဖြစ်ပါတယ်။ ဝက်ဂ်နာ တပ်တွေဟာ ဘီလာရု့စ်နိုင်ငံအတွင်း ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြာင်း အင်တာဗျူးတစ်ခုကို ကိုးကားပြီး Reuters က ဇူလိုင်လ ၈ ရက်က ရေးသားပေမယ့် အချက်အလက်မှန်ကန်မှုကို အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။

ဝက်ဂ်နာတို့ စခန်းချရန် ကမ်းလှမ်းထားတဲ့ အမှတ်-၇ စစ်စခန်းမှာ ဘယ်သူမှ ရှိမနေကြောင်း ဘီလာရု့စ်သမ္မတ ရဲ့ အကြံပေးပုဂ္ဂိုလ်က ပြောဆိုပါတယ်။ ဒါပေမယ့် ပရီဂိုဇင်က ထူးခြားစွာ ငြိမ်သက်နေပါတယ်။ ဒီအတွက် စိုးရိမ် ရဆုံး ဖြစ်လာရသူက မကြာသေးမီက ယူကရိန်းထံ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ထောက်ပံ့ခဲ့သူ အိမ်နီးချင်း ပိုလန်နိုင်ငံ ဖြစ်ပါတယ်။ ဘီလာရုဇ်နယ်စပ်မှာ တပ်အင်အားများကို တိုးမြှင့်ချထားကြောင်း BBC က ယမန်နေ့ ရေးသားပါတယ်။

ဒါပေမယ့် ဝက်ဂ်နာတို့ ဘီလာရု့စ်နိုင်ငံအတွင်း ဇူလိုင် ၄-ရက်နေ့ကတည်းက ရောက်ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေပြီး အဲ့ဒီဖြစ်စဉ်ဟာ အိမ်နီးချင်းနိုင်ငံများအတွက် မတည်မငြိမ်ဖြစ်နိုင်ခြေရှိကြောင်း၊ ခုခံကာကွယ်ဖို့ အတွက် နေတိုးစစ်စာချုပ်အဖွဲ့ဝင်တိုင်းပြည်များမှာ ပြင်ဆင်နေကြတယ်လို့ Constitutional Journal က ဇူလိုင်လ ၄ ရက်မှာဖော်ပြပါတယ်။

ဝက်ဂ်နာခေါ် ရုရှား ပုဂ္ဂလိကစစ်တပ်ဟာ အရှေ့အလယ်ပိုင်း ဆီးရီးယားနဲ့ အာဖရိကမှာလည်း ရှိနေပါတယ်။ မိမိတိုင်းပြည်အတွင်း ရာနဲ့ချီတဲ့ ဝက်ဂ်နာတပ်များ လှုပ်ရှားသွားလာနေမှုဟာ ပုံမှန် တပ်ချင်းအလဲအလှယ်ပြု လုပ်ခြင်းသာဖြစ်ပြီး နိုင်ငံအတွင်းမှ ထွက်ခွာသွားခြင်း မဟုတ်ကြောင်း ဗဟိုအာဖရိက သမ္မတနိုင်ငံ (CAR) က ပြောဆိုတယ်လို့ Reuters က ဇူလိုင်လ ၉ ရက်မှာရေးသားပါတယ်။ အာဇရိက ကုန်းတွင်းပိတ်နိုင်ငံမှာ ဝက်ဂ်နာ အပါအဝင် ရုရှားစစ်သား ၁,၉၀၀ ခန့်ရှိနေမယ်လို့ ယူဆရပြီး ခွဲထွက်ရေး လူမျိုးစုသူပုန်များ၊ အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့များ၊ အိုင်အက်စ်ခေါ် အစ္စလာမ်မစ်နိုင်ငံထူထောင်သူ ဘာသာရေးအစွန်းရောက်များကြောင့် လုံခြုံရေး ကျဆင်းနေတဲ့ ဆာဟဲဒေသနိုင်ငံများရဲ့ အစိုးရများကို ကူညီပေးနေကြပါတယ်။

(Reuters., 10 July 2023,” Kremlin says Putin held post-mutiny talks with Wagner leader as top general resurfaces” နှင့် အခြားဆက်စပ်သတင်းများကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

NUG နဲ့ ဆွေးနွေးဖူးတဲ့ ဒါရက်ချိုလက်ကို အမေရိကန် Defense for Policy ဌာနအတွက် လက်ထောက်အတွင်းဝန် ခန့်အပ်ဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် စီစဉ်နေ

RELATED POSTS
RECENT POSTS
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
အင်းလေးဒေသရေကြီးမှု ကြာရှည်နိုင်ပြီး သုံးလစာ သောက်သုံးရေ လိုအပ်နေ
23 Sep 2024
နိုင်ငံ့မြောက်ပိုင်း၌ နျူထိပ်ဖူးတပ် တာလတ်ပစ်ဒုံးကျည်များ ဖြန့်ကျက်ခြင်းဖြင့် အိန္ဒိယ၏ ခြိမ်းခြောက်မှုကို တုန့်ပြန်မည်ဟု ဆို
23 Sep 2024
‌ရေဘေးသင့် ပြည်သူ့ဘဝကို ပြန်လည်ထူထောင်ကြဦးစို့ (ဆောင်းပါး)
23 Sep 2024
ပေါင်းလောင်းရေလှောင်တမံ ကျိုးတော့မည်ဆိုသည့်သတင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း နစကထုတ်ပြန်
23 Sep 2024
APTERR အစီအစဥ်ဖြင့် အရန်ဆန် တန်(၁ဝဝဝ)ကျော်ကို ရေဘေးသင့်ဒေသများသို့ ထောက်ပံ့မည်
23 Sep 2024
အမေရိကန်နိုင်ငံ၊ မိန်းပြည်နယ်ရှိ လယ်ယာအိမ်တစ်ခုမှာ ၁၈ ရာစုကတည်းက ရှိနေတဲ့ ပျားအုံကြီးတွေ့ရှိ
23 Sep 2024
တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းရှိ တိရစ္ဆာန်ရုံတစ်ခုမှာ ပန်ဒါပုံစံခွေးလေးတွေ ခရီးသွားတွေကြား ရေပန်းစားနေ
23 Sep 2024
EXO အဖွဲ့ဝင် ဒိုကွမ်ဆို (D.O.) ကို ရည်ညွှန်းတဲ့ ညစ်ညမ်းတဲ့ပိုစ့်တွေနဲ့ ကောလဟာတွေ ပြောဆိုသူတွေကို တရားဥပဒေအရ အရေးယူမည်
23 Sep 2024
မြောက်ကိုရီးယားက ပေးပို့ခဲ့တဲ့မိုးပျံပူဖောင်းတွေက တောင်ကိုရီးယားရဲ့အစိုးရအဆောက်အဦးတွေအထိကို ရောက်ရှိလာ
22 Sep 2024
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved