NUG နဲ့ ဆွေးနွေးဖူးတဲ့ ဒါရက်ချိုလက်ကို အမေရိကန် Defense for Policy ဌာနအတွက် လက်ထောက်အတွင်းဝန် ခန့်အပ်ဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် စီစဉ်နေ
ဂျန်ဇက် (NSS) - ဇူလိုင် ၁၁
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနအထူးအကြံပေးအဖြစ် ခန့်အပ်ထားတဲ့ ဒါရက်ချိုလက်ကို အမေရိကန် Defense for Policy မူဝါဒရေးရာကာကွယ်ရေးဌာနအတွက် လက်ထောက်အတွင်းဝန် ခန့်အပ်ဖို့ အမည်စာရင်းတင်သွင်းခဲ့ကြောင်း သိရပါတယ်။
ဒါရက်ချိုလက်ဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးခန့်အပ်ခံရပြီးနောက် မြန်မာအရေးကိစ္စများနဲ့ ပတ်သက်ပြီး NUG အပါအဝင် အတိုက်ခံအုပ်စုတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ဖူးသူဖြစ်ကြောင်း သိရပါတယ်။ Defense for Policy ဌာနအတွက် လက်ထောက်အတွင်းဝန်အဖြစ် တာဝန်ယူနေတဲ့ ကိုလင်ကယ်လ်ဟာ လစ်သူယေးနီးယား နိုင်ငံမှာ ကျင်းပမယ့် နေတိုးထိပ်သီးအစည်းအဝေးအပြီးမှာ အနားယူတော့မှာဖြစ်တဲ့အတွက် ၎င်းနေရာမှာ အစားထိုးဖို့ ဒါရက်ချိုလက်ကို အစားထိုးဖို့ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါကိစ္စနဲ့ နီးစပ်သူများက ပြောပါတယ်။
ဒါပေမယ့် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ လက်ရှိအချိန်မှာ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်ခြင်းမရှိကြောင်း သိရပါတယ်။ ဒါရက်ချိုလက်ဟာ ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အထူးအကြံပေးအဖြစ် ပြန်လည်တာဝန်မယူခင် ၂ဝ၁၂ ခုနှစ်ကနေ ၂ဝ၁၄ ခုနှစ်အထိ အမေရိကန်အစိုးရရဲ့နိုင်ငံတကာ လုံခြုံရေးကိစ္စများအတွက် လက်ထောက်အတွင်းဝန်အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။
ဒါရက်ချိုလက်ဟာ ၂ဝ၂၁ ခုနှစ်က Nord Stream 2 ဓါတ်ငွေ့ပိုက်လိုင်းနဲ့ပတ်သက်ပြီး ဂျာမနီ နဲ့ အမေရိကန်နိုင်ငံကြားစေ့စပ်ဆွေးနွေးရေး နဲ့ သဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်အောင်ကူညီပေးခဲ့တဲ့ အမေရိကန်သံတမန်တွေထဲမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒါရက်ချိုလက်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အထူးအကြံပေးအဖြစ် ပြန်လည်တာဝန်ယူပြီးနောက် မြန်မာနိုင်ငံရေးအခက်အခဲများကို ဖြေရှင်းနိုင်အောင် အတိုက်ခံအုပ်စုတွေနဲ့ ဆွေးနွေးခဲ့ဖူးသူဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သဘာဝဘေးကြုံတွေ့ချိန်၌ ပွဲလန့်တုန်းဖျာခင်းသူများကို ထိရောက်သော ပြစ်ဒဏ်များပေးရမည်ဟု တပ်ချုပ် သတိပေး
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ