Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၁ဝဝဝ)ကျော်ကို ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ ထပ်မံသုံးစွဲရန် နစကအတည်ပြု

မျိုးကြီး (NP News) - ဇန်နဝါရီ ၁၂

ယခု ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်၌ ငွေကျပ်ဘီလျံ တစ်ထောင်ကျော်ကို ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများက ထပ်မံသုံးစွဲရန် နစကမှ အတည်ပြုထားကြောင်း သတင်းရရှိသည်။

၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေတွင် အထက်ပါကဲ့သို့ ထည့်သွင်း အတည်ပြုထားခြင်းဖြစ်သည်။ အဆိုပါဥပဒေတွင် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ သုံးစွဲရန်အတွက် နောက်ထပ်ခွင့်ပြုသည့်သုံးငွေအဖြစ် ငွေကျပ်သန်းပေါင်း ၁၁ဝ၇၃၃၁ ဒသမ ၃၉၃ သန်း (ငွေကျပ် ၁၁ဝ၇ ဘီလျံကျော်)ကို ထပ်မံခွင့်ပြုခဲ့ခြင်းဖြစ်သည်။

၎င်းဥပဒေတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ သာမန်သုံးငွေအဖြစ် ငွေကျပ်သန်းပေါင်း ၂၅၈၇၉၉ ဒသမ ၇၅၁ သန်း၊ အတိုးပေးငွေအဖြစ် ၁၇၁ ဒသမ ၃၁၇ သန်း၊ ငွေလုံးငွေရင်းသုံးငွေအဖြစ် ၁၈ဝဝ၈၈ ဒသမ ၄၄၇ သန်းနှင့် ချေးယူရငွေအတွက်ပေးဆပ်ငွေအဖြစ် ၁၁၄၉ ဒသမ ၇၁၃ သန်း စုစုပေါင်း ၄၄ဝ၂ဝ၉ ဒသမ ၂၂၈ သန်း သုံးစွဲရန် ခွင့်ပြုထားသည်ကို တွေ့ရှိရသည်။

ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ၌ ဝန်ကြီးဌာနများအ နက် ကာကွယ်ရေးဝန်ကြီးဌာနသည် ငွေကျပ် ဘီလျံ ၄၄ဝ ကျော်သုံးစွဲရန် ခွင့်ပြုထားပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ငွေကျပ်ဘီလျံ ၃၃ဝ ကျော်ထပ်မံသုံးစွဲရန် ခွင့်ပြုထားခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

ထို့ပြင် ၎င်းဥပဒေတွင် ကချင်၊ ရခိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့များနှင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအစိုးရအဖွဲ့တို့ကိုလည်း ထောက်ပံ့ငွေများပေးအပ်ရန် ထည့်သွင်းခွင့်ပြုထားကြောင်း တွေ့ရှိရသည်။ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေသည် ယခုဘဏ္ဍာရေးနှစ်အတွက် အကျိုးသက်ရောက်စေရမည်ဟုလည်း ထည့်သွင်းပြဋ္ဌာန်းထားသည်ကို တွေ့ရှိရသည်။


zawgyi version









Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာအရေးနှင့်ပတ်သက်ပြီး အာဆီယံအထူးကိုယ်စားလှယ်ရုံးအဖွဲ့ကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်မည်ဟုဆို

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved