Facebook အသုံးပြုမှုရပ်နားလိုက်ပြီးနောက် Twitter အကောင့်ကို တရားဝင်ပြန်လည်အသုံးပြုမယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် အသိပေး
ဂျန်ဇက် (NSS) - ဇူလိုင် ၉
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဟာ ကမ္ဘာကျော်လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Facebook ကိုအသုံးပြုမှုရပ်နားလိုက်ပြီးနောက် Twitter အကောင့်ကို အသုံးပြုသွားမယ်လို့ ကြေညာလိုက်ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဟာ Facebook အသုံးပြုမှုတွေ ရပ်နားလိုက်ပြီးနောက် ကမ္ဘာကျော်လူမှုကွန်ရက်တွေဖြစ်တဲ့ telegram, YouTube, TikTok တို့ကိုအသုံးပြုခဲ့ပြီး ဇူလိုင်လ ၉ ရက်မှာတော့ Twitter လူမှုကွန်ရက်ကို အသုံးပြုသွားမှာဖြစ်ကြောင်းသတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ကမ္ဘောဒီး ယားဝန်ကြီးက "ကျွန်တော်ဟာ လက်ရှိအချိန်မှာ telegram, YouTube, TikTok အကောင့်တွေကိုတရား ဝင်အသုံးပြုနေတယ်။ Twitter အကောင့်ကိုလည်း ပြန်လည်အသုံးပြုသွားမယ်"လို့ပြောပါတယ်။
ဟွန်ဆန်ဟာ Twitter အကောင့်ရှိနေပေမယ့် ကျယ်ပြန့်စွာ အသုံးပြုခြင်းမရှိဘဲ လက်ရှိအချိန်မှာတော့ ကျယ်ပြန့်စွာ ပြန်လည်အသုံးပြုဖို့ စီစဉ်ထားကြောင်းသိရပါတယ်။ ဟွန်ဆန်ဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ ၎င်းရဲ့Facebook ကို ဖျက်လိုက်ပြီးနောက် အခြားလူမှုကွန်ရက်အကောင့်တွေကို ပြောင်းလဲအသုံးပြုနေကြောင်း telegram အကောင့်က ၎င်းနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကို ရရှိနိုင်မယ့်အကောင်းဆုံးနေရာဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘောဒီးယားအစိုးရတာဝန်ရှိသူများအနေနဲ့ ၎င်းတို့ရဲ့လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ WhatsApp, Viber, LINE, Telegram, WeChat, Twitter နဲ့ Zoom စတဲ့ လူမှုကွန်ရက်တွေ အသုံးပြုဖို့လိုအပ်ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်က ပြောပါတယ်။
ဟွန်ဆန်ဟာ အစိုးရအဖွဲ့ဝန်ကြီးဌာန အသီးသီးရဲ့တာဝန်ရှိသူများနဲ့ ချိတ်ဆက်နိုင်ဖို့ WhatsApp နဲ့ Telegram တို့မှာ group တစ်ခုကို မကြာသေးမီကတည်ထောင်ထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Anti-aging industry ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုရီးယားနိုင်ငံတွင်ကျင်းပမည့် ပြပွဲသို့မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များပါဝင်နိုင်ဟုဆို
RELATED POSTS
18 Sep 2024 | နည်းပညာ,နိုင်ငံတကာ
12 Sep 2024 | နည်းပညာ,နိုင်ငံတကာ
31 Aug 2024 | နည်းပညာ,နိုင်ငံတကာ
29 Aug 2024 | နည်းပညာ,နိုင်ငံတကာ