တရုတ်က Ant Group ကို အမေရိကန်ဒေါ်လာ ၁ ဘီလျံနီးပါး ဒဏ်ရိုက်
ရောင်နီ (NSS) - ဇူလိုင် ၈
တရုတ်နည်းပညာကုမ္ပဏီကြီး Ant Group ဟာ တရားမဝင်လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့အတွက် အမေရိကန် ဒေါ်လာ ၁ ဘီလျံနီးပါး ဒဏ်ရိုက်ခဲ့ကြောင်း နိုင်ငံရဲ့ဘဏ္ဍာရေးထိန်းကျောင်းသိမ်းသူတွေက သောကြာနေ့ (ဇူလိုင် ၇ ရက်) မှာ ပြောကြားခဲ့ပါတယ်။
Ant Group ဟာ တရုတ်နိုင်ငံနဲ့ ပြင်ပမှာ လစဉ်သုံးစွဲသူ သန်းရာနဲ့ချီ ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဒစ်ဂျစ်တယ် ငွေပေးချေမှု ပလပ်ဖောင်းဖြစ်တဲ့ Alipay ကို ပိုင်ဆိုင်တဲ့လုပ်ငန်းစုတစ်ခုဖြစ်ပြီး ၎င်းဟာ နိုင်ငံမှာ ပြုလုပ်နေတဲ့နည်းပညာကဏ္ဍ ဖြိုခွဲမှုရဲ့အထင်ရှားဆုံးပစ်မှတ်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။
အရင်နှစ်တွေက Ant Group နဲ့ ၎င်းရဲ့လုပ်ငန်းခွဲတွေ ပြုလုပ်ခဲ့တဲ့ တရားမဝင် မမှန်မကန်ပြုမူတွေကြောင့် ယွမ်ငွေ ၇.၁၂၃ ဘီလျံ (အမေရိကန်ဒေါ်လာ ၉၈၄ သန်း) ဒဏ်ရိုက်ခဲ့ကြောင်း China Securities Regulatory Commission (CSRC) က သောကြာနေ့ ( ဇူလိုင် ၇ ရက် ) မှာ ထုတ်ပြန်ခဲ့ပါတယ်။ ၄င်းရဲ့ထုတ်ပြန်ချက်မှာ CSRC အနေနဲ့ လက်ရှိ ပလက်ဖောင်းစီးပွားရေးလုပ်ငန်းတွေရဲ့ဘဏ္ဍာရေးလုပ်ငန်းမှ ထင်ရှားတဲ့ပြဿနာအများစုကို ပြုပြင်ပြီးပြီဖြစ်တယ် လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါကြောင့် ဒီဒဏ်ရိုက်မှုဟာ တရုတ်နည်းပညာကဏ္ဍ ဖြိုခွင်းမှုရဲ့ နောက်ဆုံး ဒဏ်ရိုက်မှုဖြစ်နိုင်တယ်လို့ ယူဆရပါ တယ်။ Ant ကလည်း ဒီအတွက် "ပြစ်ဒဏ်စည်းမျဉ်းစည်းကမ်းတွေကို ရိုးသားစွာ လိုက်နာသွားမယ်လို့ ထုတ်ပြန်ခဲ့ ပြီး "အခုကုမ္ပဏီက ပြုပြင်ခြင်းဆိုင်ရာ ဆက်စပ်လုပ်ငန်းတွေကို ပြီးမြောက်အောင်လုပ်ဆောင်ပြီးပါပြီ၊ အနာဂတ်မှာ Ant Group က သူ့ရဲ့ရည်မှန်းချက်နဲ့ မူလဆန္ဒကို ဆက်လက်ထိန်းသိမ်းသွားမှာပါ" လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် Ant က "ကျွန်ုပ်တို့ဟာ ခိုင်မာတဲ့ကတိကဝတ်တွေနဲ့ ဆန်းသစ်တီထွင်မှုကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပြီး၊ စားသုံးသူတွေနဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေအတွက် ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှု၊ ပိုမိုကောင်းမွန် တဲ့တန်ဖိုးများ ဖန်တီးနိုင်စေဖို့ ကျွန်ုပ်တို့ရဲ့ R&D စွမ်းရည်တွေ ဆက်လက်မြှင့်တင်သွားမယ်"လို့ ထပ်လောင်း ဆိုပါ တယ်။
ပြီးခဲ့တဲ့နှစ်တွေက Ant ဟာ အသုံးပြုသူ သန်းရာနဲ့ချီရဲ့အသေးစားစီးပွားရေးလုပ်ငန်းတွေအတွက် ချေးငွေတွေ၊ အကြွေးတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ အာမခံတွေ ပံ့ပိုးပေးခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်သူ့ဆေးရုံ အပါအဝင် ကျေးလက်ကျန်းမာရေးဌာနများ၌ အသုံးပြုရန် တရုတ်ကုမ္ပဏီ(၂)ခုမှ အောက်ဆီဂျင်စက် အလုံး(၈ဝဝ) လှူဒါန်း
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း