ပြည်သူ့ဆေးရုံ အပါအဝင် ကျေးလက်ကျန်းမာရေးဌာနများ၌ အသုံးပြုရန် တရုတ်ကုမ္ပဏီ(၂)ခုမှ အောက်ဆီဂျင်စက် အလုံး(၈ဝဝ) လှူဒါန်း
ယွန်း (NSS) - ဇူလိုင် ၈
ပြည်သူ့ဆေးရုံ အပါအဝင် ကျေးလက်ကျန်းမာရေးဌာနများ၌ အသုံးပြုနိုင်ရန် တရုတ်ကုမ္ပဏီ(၂)ခုမှ အောက်ဆီဂျင်ထုတ်လုပ်စက် အလုံး(၈ဝဝ) လှူဒါန်းခဲ့ကြောင်း နစကမှ သိရသည်။
အဆိုပါအခမ်းအနားကို ဇူလိုင်လ(၇)ရက်တွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
၎င်း အောက်ဆီဂျင်ထုတ်လုပ်စက်များကို Guangdon Bolison Technology Co.,Ltd တည်ထောင်သူနှင့် ဦးဆောင်ညွှန်ကြားရေးမှူး Mr. Li Bao Xing က ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
အောက်ဆီဂျင်ထုတ်လုပ်စက်များကို Guangdon Bolison Technology Co.,Ltd နှင့် Myanmar Royal Fortune Co.,Ltd တို့မှ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ(၁ ဒသမ ၂)သန်း တန်ဖိုးရှိကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
၎င်းစက်များသည် ကိုဗစ်-၁၉ ရောဂါအတွက်သာမက အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများနှင့် အောက်ဆီဂျင်လိုအပ်သည့် အခြားရောဂါများအတွက်ပါ အသုံးဝင်သည့် စက်ပစ္စည်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောဆိုခဲ့သည်။
အဆိုပါ အောက်ဆီဂျင်ထုတ်လုပ်စက် အလုံး(၈၀၀)ကို ကျေးလက်ဒေသရှိ ကျေးလက်ကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများသို့ ရောက်ရှိရန် အမြန်ဆုံး ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။
ထိုကဲ့သို့ လှူဒါန်းမှုသည် ခိုင်မြဲပြီးဖြစ်သည့် တရုတ်- မြန်မာ ဆွေးမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပို၍ခိုင်မြဲစေကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
Guangdon Bolison Technology Co.,Ltd အနေဖြင့် ပြည်သူများပိုမိုကောင်းမွန်သော လူနေထိုင်မှုဘဝပုံစံဖြင့် နေထိုင်နိုင်ရေး ဆောင်ရွက်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။
ထို့ပြင် အောက်ဆီဂျင်ထုတ်လုပ်စက်များလှူဒါန်းမှုသည် One Belt One Road ဒေသတွင်း တည်ရှိသည့် မြန်မာနိုင်ငံအတွက် ၎င်းတို့ ကုမ္ပဏီ၏ လူမှုဖူလုံရေးလုပ်ငန်းအရ လှူဒါန်းမှုဖြစ်ကြောင်း ညွှန်ကြားရေးမှူး Mr. Li Bao Xing က ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံသား ၁ဝ ဦးကို ကားမှတ်တိုင်တွင် ဖမ်းမိခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့ပြော
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ