လက်ရှိဘဏ္ဍာနှစ်မှာ စက်မှုကုန်ချောတင်ပို့မှုကနေ ဒေါ်လာသန်း ၁၇ဝဝ ကျော်ရရှိ
လက်ရှိဘဏ္ဍာနှစ်မှာ စက်မှုကုန်ချောတင်ပို့မှုကနေ ဒေါ်လာသန်း ၁၇ဝဝ ကျော်ရရှိ
NP News - ဇူလိုင် ၈
ယခုဘဏ္ဍာနှစ် ပထမ နှစ်လကျော်အတွင်း ဧပြီလမှ ဇွန်လအထိ ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၇ဝဝ ကျော်ရရှိခဲ့ပြီး၊ ချုပ်ပြီး အထည်တင်ပို့မှုဟာ ပထမနေရာမှာ ရောက်ရှိနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ချုပ်ပြီးအထည်တင်ပို့မှုများ၏ နောက်တွင် သကြား၊ လက်ဝတ်ရတနာ၊ သဘာဝဓာတ်ငွေ့ စသည့် ပစ္စည်းများ တင်ပို့မှုမှ ပို့ကုန်ရငွေများ အသီးသီးရပ်တည်လျက်ရှိကြောင်း သိရသည်။
ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုအနေဖြင့် နိုင်ငံပိုင်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၇၆ ဒသမ ၃၄၉ သန်းရရှိပြီး ပုဂ္ဂလိကပိုင်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ဝ၆၄ ဒသမ ၃၃၁ သန်းရရှိသည့်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၇၄ဝ ဒသမ ၆၈ သန်း ရရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည် ။
ပြည်ပသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက် ပစ္စည်း၊ စက်မှုကုန်ချောနှင့် တခြားပို့ကုန် များတင်ပို့လျက်ရှိပြီး၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်း သုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်းကိုလည်း တင်သွင်းလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်က Ant Group ကို အမေရိကန်ဒေါ်လာ ၁ ဘီလျံနီးပါး ဒဏ်ရိုက်
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း