Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံဖြတ်ကျော်ငွေကြေးခဝါချမှုများကို စုံစမ်းစစ်ဆေးရာတွင် တရားဝင်နှင့် အလွတ် သဘောလမ်းကြောင်း နှစ်ရပ်လုံးဖြင့် လုပ်ဆောင်ရန် ဗဟိုဘဏ်ဥက္ကဋ္ဌပြော

မျိုးကြီး (NP News) - ဇန်နဝါရီ ၁၁

နိုင်ငံဖြတ်ကျော်ငွေကြေးခဝါချမှုများကို စုံစမ်းစစ်ဆေးရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တရားဝင်နှင့် အလွတ်သဘောလမ်းကြောင်း နှစ်ရပ်လုံးဖြင့် ဆောင်ရွက်ရန် ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဇန်နဝါရီလ ၁ဝ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

လူအများအပြားသေကြေစေသည့် လက်နက်များ ပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုအပေါ် ဘဏ္ဍာရေးအရ ပစ်မှတ်ထား အရေးယူမှုဆိုင်ရာတာဝန်ဝတ္တရားများနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းတိုးမြှင့်ဆောင်ရွက်ရန်လည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် ငွေကြေးဆိုင်ရာထောက်လှမ်းရေး သတင်းအချက်အလက်များပေးခြင်းကို တိုးမြှင့်ဆောင်ရွက်ရန်၊ နိုင်ငံဖြတ်ကျော် ငွေကြေးခဝါချမှုများကို စုံစမ်းစစ်ဆေးရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တရားဝင်လမ်းကြောင်းနှင့် အလွတ်သဘောလမ်းကြောင်း နှစ်ရပ်လုံးဖြင့် ဆောင်ရွက်သွားရန်လည်း ဗဟိုဘဏ်ဥက္ကဋ္ဌက တိုက်တွန်းပြောဆိုထားသည်။

အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့သို့ နည်းပညာပိုင်းဆိုင်ရာလိုက်နာအကောင်အထည်ဖော်ဆောင်ရွက်မှု အကြံပြုချက်များအပေါ် စံနှုန်းသတ် မှတ်ချက်တိုးမြှင့်တောင်းခံနိုင်ရေးနှင့် ထပ်မံထုတ်ပြန်မည့် အမိန့်ညွှန်ကြားချက်များကို သတ်မှတ်ထားသည့်ကာလအတွင်း အပြီးဆောင်ရွက်သွားရန်လည်း ၎င်းက အကြံပြုတိုက်တွန်းထားသည်။

ထို့ကြောင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ လာမည့်ဖေဖော်ဝါရီလ ၁ ရက်မတိုင်မီ စံနှုန်းသတ်ချက်တောင်းခံရာတွင် တိုးမြှင့်ရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန်းလည်း ဒေါ်သန်းသန်းဆွေက တိုက်တွန်းထားသည်။

ပြီးခဲ့သော ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလမှစ၍ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အ ကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက် ဖျက်ရေးဆိုင်ရာအားနည်းချက်များကြောင့် ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF)၏ ဆုံးရှုံးနိုင်ခြေမြင့်မားသောနိုင်ငံနှင့် ဒေသများစာရင်းသို့ ထည့်သွင်းခြင်းခံခဲ့ရသည်။ လက်ရှိတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် FATF ၏ အဆိုပါစာရင်းမှ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း ဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေက ပြောသည်။


zawgyi version










Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ချင်းအမျိုးသားတပ်ဦး(CNF) ဌာနချုပ်နှင့် KIA ၏ တပ်ရင်းများ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရကာ ထိခိုက်သေဆုံးမှုများရှိနေ

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved