မကွေးတွင် ကျောင်းကားအား အိမ်စီးကားမှ နောက်မှဝင်တိုက်မိခဲ့ရာ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိ
စော (NSS) - ဇူလိုင် ၃
မကွေးတိုင်း၊ မကွေးမြို့တွင် ဆေးကျောင်းသားများပါလာသည့် ကျောင်းကားအား အိမ်စီးကားတစ်စီးမှ နောက်မှဝင်တိုက်မိခဲ့ရာ အမျိုးသား (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၃ ရက်)၊ မွန်းလွဲ (၂)နာရီခွဲဝန်းကျင်အချိန်တွင် မကွေးမြို့မုခ်ဦးအနီး၌ အထက် ပါကဲ့သိုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေး (မကွေး)ထံမှ သိရသည်။
အဆိုပါ ကားနှစ်စီးသည် မကွေးမြို့သို့ ဝင်လာစဉ် မုခ်ဝအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျောင်းကြိုပို့ကားက Slow Down နားရောက်တော့ ဘရိတ်အုပ်လိုက်တာ နောက်ကကားကအရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာပါ။ ကျောင်းကားပေါ်မှာတော့ ဆေးကျောင်းသားတွေပါ ပါတယ်။ ကျောင်းကားပေါ်ကလူတွေကတော့ ထိခိုက်ဒဏ်ရာမရပါဘူး”ဟု ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေး (မကွေး) မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ယာဉ်တိုက်မှုကြောင့် အိမ်စီးကားပေါ်မှ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မကွေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းပြည်နယ်ရှိ ဘိန်းအစားထိုး ကော်ဖီစိုက်တောင်သူ အိမ်ထောင်စုများအနေဖြင့် နှစ်စဉ်ပျမ်းမျှဝင်ငွေ အမေရိကန်ဒေါ်လာ (၁၁ဝဝ)ခန့်ရရှိနေဟုဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ