မြင်းခြံမြို့တွင် ပန်းရောင်းပြီးပြန်လာသည့် အမျိုးသမီးကို PDF အဖွဲ့မှ သေနတ်ဖြင့်ပစ်သတ်မှုဖြစ်ပွား
NSS - ဇူလိုင် ၃
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ပန်းရောင်းပြီးပြန်လာသည့် အမျိုးသမီးတစ်ဦးကို ဧရာဝတီမြစ်ကမ်းဘေးတွင် PDF အဖွဲ့ကသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
မြင်းခြံမြို့နယ်၊ လှိုင်းတက်ကျေးရွာအနီးရှိ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းစပ်၌ ပြီးခဲ့သော ဇွန်လ ၃ဝ ရက်၊ နံနက် ၁၁ နာရီအချိန်တွင် အထက်ပါကဲ့သိုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်တဲကျေးရွာတွင်နေထိုင်သော အမျိုးသမီးသည် မြင်းခြံမြို့မှ ၎င်း၏နေအိမ်သို့ ပန်းရောင်းပြီးပြန်လာစဉ် PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဆင်တဲကျေးရွာနေ ဒေါ်ရည်မွန်သန်း(ခ)မမွန် (၄၈)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေး အရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မကွေးတွင် ကျောင်းကားအား အိမ်စီးကားမှ နောက်မှဝင်တိုက်မိခဲ့ရာ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ