Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကချင်ပြည်နယ်အတွင်း လုံခြုံရေးအရ မြေပြင်စာရင်းကောက်ယူရန် အိမ်ထောင်စု(၇)သောင်းနီးပါး ကျန်ရှိနေ

ယွန်း (NSS) - ဇူလိုင် ၃

လုံခြုံရေးအရ မြေပြင်စာရင်းကောက်ယူရန်ကျန်သည့် ကချင်ပြည်နယ်အတွင်းရှိ အိမ်ထောင်စုပေါင်းခုနစ်သောင်းနီးပါးကို သတ်မှတ်ကာလအတွင်း အပြီးကောက်ယူနိုင်ရေးဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ဇူလိုင် လ(၂)ရက်၌ ကျင်းပခဲ့သည့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမှုနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်တွင် ၂ဝ၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်အထိ e-ID Software ဖြင့် ထုတ်ယူထားသည့် အိမ် ထောင်စုစာရင်းဖြင့်ကောက်ယူမှု (၂၆ဝဝဝဝ)ကျော်ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အိမ်ထောင်စုစာရင်းမရှိသဖြင့် အလွတ်ပုံစံဖြင့် ကောက်ယူမှု (၇ဝဝဝဝ)ကျော်အပါအဝင် စုစုပေါင်း အိမ်ထောင်စုပေါင်း (၃၃ဝဝဝဝ)ကျော် ကောက်ယူပြီးစီးခဲ့ပြီး လျာထားချက်၏ (၇၉ ဒသမ ၂၁)ရာခိုင်နှုန်း ကောက်ယူပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးမှ အသိပေးပြောကြားခဲ့သည်။

အလားတူ လုံခြုံရေးအရ ကောက်ယူရန် ကျန်နေသည့် အိမ်ထောင်စု (၆၈ဝဝဝ)ကျော်ရှိနေပြီး အဆိုပါဒေသများကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ကောက်ယူနိုင်ရေးကို ဆောင်ရွက်ရန် ၎င်းက ဆက် လက်ပြောကြားခဲ့သည်။

(၂ဝ၂၄)ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို ပြည်လုံး ကျွတ်အဆင့် ကောက်ယူနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စမ်းသပ်သန်းခေါင်စာရင်းကို ယခုနှစ်(၂ဝ၂၃) အောက်တိုဘာလ(၁)ရက်တွင် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရာတွင်လည်း ၂ဝ၂၄ ခုနှစ်၌ ကောက်ယူမည့်နည်းလမ်းအတိုင်း တွေ့ရှိရာအရပ်၌ ကောက်ယူနည်း နှင့် တစ်အိမ်တက်ဆင်းကောက်ယူနည်းကို အသုံးပြုကာ Mobile Tablet များဖြင့် ဖြည့်သွင်းကောက်ယူသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်လပိုင်းတွင် ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ထို့ပြင် e-ID စနစ် လုပ်ငန်းအကောင်အထည်ဖော်ရေးအတွက် တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝအချက်အလက် ကောက်ယူရေးလုပ်ငန်းကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို (၁၉၇၃) ခုနှစ်၊ (၁၉၈၃) ခုနှစ်နှင့် (၂ဝ၁၄) ခုနှစ်တို့တွင် ပြည်လုံးကျွတ်အဆင့် ကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။

လူဦးရေသန်းခေါင်စာရင်းကို နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲချမှတ်အကောင်အထည်ဖော်ရာတွင် အခြေခံအသုံးပြုရသည့် စာရင်းအင်းအချက်အလက်များအနက် အဓိကကျသည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ ရရှိရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့် (၇)ထပ်ဆောင်၌ သွေးနှင့် သွေးကင်ဆာရောဂါကုသဆောင်များပါ ထည့်သွင်းတည်ဆောက်မည်

RECENT POSTS
အမေရိကန်၏ လက်နက်အရောင်းအဝယ် (သို့မဟုတ်) ကမ္ဘာလုံးဆိုင်ရာပဋိပက္ခများအတွက် လောင်စာ
15 Nov 2024
အီဂျစ်ဗိုလ်ချုပ်ကြီးအဖြစ်ကနေ အီဂျစ်နိုင်ငံသမ္မတအဖြစ် သုံးကြိမ်ဆက်တိုက်တာဝန်ယူခွင့်ရရှိခဲ့သူ အယ်စီစီ
15 Nov 2024
ကမ္ဘာ့အပါးလွှာဆုံး လက်ပတ်နာရီကို ရုရှားနာရီထုတ်လုပ်သူတစ်ဦး တီထွင်ဖန်တီး
15 Nov 2024
ပြည်မြို့ရှိ တန်ဆောင်တိုင်ပွဲတွင် ပင်လယ်ဓားပြလှေပေါ်တက်သည့် လှေ ကားကျိုးကျမှုကြောင့် ကလေးငယ်များအပါအဝင် လူအချို့ဒဏ်ရာရ
15 Nov 2024
တာချီလိတ်မြို့တွင် ကျပ်သိန်း(၁၁၀၀)ကျော်တန်ဖိုးရှိ Iphone များကို ဓားပြတိုက်လုယက်သူများအား အသေပစ်ခတ်ဖမ်းမိ
15 Nov 2024
အင်းဝမြို့ဟောင်းရှိ ‌လောကဝေဿဘူ မြို့ထောင့်စေတီကြီးကို ရှေးမူမပျက် ပြန်လည်ထိန်းသိမ်းသွားရန် စီစဉ်နေ
15 Nov 2024
ဝါရင့်အနုပညာရှင် ထပ်ဆင့်အကယ်ဒမီရန်အောင်၏နေအိမ်ကို PDF အဖွဲ့က မိုင်းပစ်တိုက်ခိုက်ခဲ့ဟု ဆို
14 Nov 2024
မြောက်ဥက္ကလာပမြို့နယ်ရှိ ကားဂိတ်တွင် ငွေကျပ် သိန်း(၃၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
14 Nov 2024
ရော်ဘာဈေးသုံးဆကျော်တက်လာသော်လည်း နယ်မြေမတည်ငြိမ်မှုကြောင့် အစေးလှီးလုပ်သား များရှားပါးမှုကို ရင်ဆိုင်နေရ
14 Nov 2024
ရခိုင်ပြည်နယ် ဘင်္ဂါလီပြဿနာနှင့် R2P ထောင်ချောက်
14 Nov 2024
ရွှေဖရုံသီးလှေနဲ့ (၄၅ ဒသမ ၆၇)မိုင်အထိ လှော်ပြခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့တဲ့ အမေရိကန် အမျိုးသား
14 Nov 2024
အရှေ့တောင်အာရှ စစ်ဗိုလ်ချုပ်ကြီးတို့ရဲ့ ဒုတိယအသက်မွေးဝမ်းကြောင်း (သို့မဟုတ်) နိုင်ငံရေးတာဝန်
14 Nov 2024
MI ပြန်လည်ဖွဲ့စည်းမည်ဆိုသောကိစ္စဖြစ်လာရန် မရှိကြောင်း ထောက်လှမ်း ရေးအရာရှိဟောင်းအချို့ ဖွင့်ဟ
14 Nov 2024
တန်‌ဆောင်တိုင်ပိတ်ရက်အတွက် ရန်ကုန်-မော်လမြိုင် အထူးရထားများကို ပြေးဆွဲပေးသွားမည်
14 Nov 2024
မြန်မာနိုင်ငံမှာ အရပ်သားတွေ အကြမ်းဖက်တိုက်ခိုက်ခံရခြင်းတွေကို ရပ် တန့်ဖို့ အင်ဒိုနီးရှားသမ္မတ နဲ့ အမေရိကန်သမ္မတ တိုက်တွန်းတောင်းဆို
14 Nov 2024
မုံရွာမြို့ ရန်ကင်းမီးပွိုင့်အနီးတွင် အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရ
14 Nov 2024
စူပါတိုင်ဖွန်းမုန်တိုင်းယူဆာဂီ ချဉ်းကပ်လာမှုနဲ့အတူ အမြင့်ဆုံးမုန်တိုင်းသတိပေးချက်ကို ဖိလစ်ပိုင်အစိုးရထုတ်ပြန်
14 Nov 2024
ရွှေနိုင်ငံစာပေနှင့်ပိုစတာဖြန့်ချိရေးမှ ထုတ်ဝေသူကို လုပ်ငန်းအသိအမှတ်ပြု လက်မှတ်ရုပ်သိမ်း
14 Nov 2024
တောင်တရုတ်ပင်လယ်အတွင်း အချုပ်အခြာအာဏာကို အမြဲတမ်းကာကွယ်သွားမယ်လို့ အင်ဒိုနီးရှားသမ္မတ ပြော
14 Nov 2024
မလှိုင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင်(၂)ဦးကို PDF အဖွဲ့က သတ်ဖြတ်ပြီးနောက် ကားတစ်စီးနှင့်ဆိုင်ကယ်(၂)စီးကိုပါ လုယက်ယူဆောင်
14 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved