ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့် (၇)ထပ်ဆောင်၌ သွေးနှင့် သွေးကင်ဆာရောဂါကုသဆောင်များပါ ထည့်သွင်းတည်ဆောက်မည်
ယွန်း (NSS) - ဇူလိုင် ၃
ဆောက်လုပ်နေဆဲဖြစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့် ခုနှစ်ထပ်ဆောင်၌ သွေးနှင့် သွေးကင်ဆာရောဂါကုသဆောင်များကိုပါ ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဇူလိုင်လ(၂)ရက်တွင် အဆိုပါ ဆေးရုံကြီး၏ ဆောက်လုပ်ရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုစဥ် အထက်ပါကဲ့သို့ အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများ အားကိုးအားထားရသည့် ဆေးရုံကြီးဖြစ်ပြီး ယခုဆောက်လုပ်နေသည့် အဆင့်မြင့် ခုနှစ်ထပ်ဆောင်ကိုလည်း အရည်အသွေးအကောင်းဆုံးဖြစ်အောင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။
အဆိုပါ ခုနှစ်ထပ်ဆောင်တွင် ပုံမှန်ဆေးကုသဆောင်များအပြင် သွေးနှင့် သွေးကင်ဆာရောဂါလူနာများ ဆေးကုသမှုခံနိုင်ရန်အတွက် သွေးနှင့်သွေးကင်ဆာ ရောဂါကုသဆောင်နှင့် ရိုးတွင်းချဥ်ဆီ အစားထိုးကုသဆောင်များကိုလည်း ထည့်သွင်းစီစဥ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သင်ကြားရေးဆေးရုံဖြစ်သည့်အတွက် စာသင်ခန်းများကို အရည်အသွေးပြည့်မီအောင် ဆောက် လုပ်သွားရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။
တည်ဆောက်မှုလုပ်ငန်းများ အမြန်ပြီးစီးပါက ပြည်သူများအတွက် အမြန်ဆုံးအကျိုးရှိမည်ဖြစ်သည့် အတွက် သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့် ခုနှစ်ထပ်ဆောင်ကို နိုင်ငံတော်အစိုးရမှ ငွေကျပ်(၂၁ ဒသမ ၈၉၇) ဘီလျံ အကုန်အကျခံကာ ဆောက်လုပ်နေခြင်းဖြစ်ပြီး (၂ဝ၂၃-၂ဝ၂၄)ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်အကြွေးနဲ့ ရွှေစျေး အချိတ်အဆက် (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ