Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်သူများ ရယ်မောပျော်ရွှင်ရေး စွမ်းဆောင်ပေးခဲ့သော သက်ကြီးလူရွှင်တော်များအတွက် ကန်တော့ပွဲ ကျင်းပမည်

ယွန်း (NSS) - ဇူလိုင် ၂

တခေတ်တခါက ပြည်သူများအား ရယ်မောပျော်ရွှင်စေရန် စွမ်းဆောင်ပေးခဲ့ကြသည့် အသက် (၆၅)နှစ်အထက် သက်ကြီးလူရွှင်တော်ကြီးများအား ပူဇော်ကန်တော့မည့် ကန်တော့ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးထံမှ သိရသည်။

သက်ကြီးလူရွှင်တော်ကြီးများအား ပူဇော်ကန်တော့ပွဲကို လာမည့် ဇူလိုင်လ(၇)ရက်တွင် နေပြည်တော်ရှိ Myanmar International Convention Center-2(MCCI-II) တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကန်တော့ပွဲကို နှစ်စဥ်နှစ်တိုင်း ကျင်းပပြုလုပ်ခဲ့ရာ လက်ရှိကျင်းပမည့် ကန်တော့ပွဲသည် (၁၃) ကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီပွဲလေးကို လုပ်ဖြစ်တာ (၁၃)ကြိမ်မြောက်ရှိပါပြီ။ နှစ်တိုင်းလုပ်ဖြစ်ပါတယ်။ ဒီနှစ်က မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြစ်သွားတော့ ပိုများသွားတယ်။ အရင်ကတော့ ရန်ကုန်တိုင်းကနေပဲ လုပ်နေတာပေါ့” ဟု မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးဥက္ကဋ္ဌ ဦးဒိန်းဒေါင်က NP News ကိုပြော သည်။

ပြီးခဲ့သည့် (၂ဝ၂၂)ခုနှစ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးလူရွှင်တော် (၁၂၇)ဦးအား ကန်တော့ခဲ့ကြပြီး ယခုနှစ်သည် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကန်တော့သွားမည်ဖြစ်သည့်အတွက် စုစုပေါင်း ကန်တော့ခံမည့်ဦးရေ (၁၆ဝ)ခန့် ရှိမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကန်တော့ပွဲကျင်းပနိုင်ရေးအတွက် အလှူခံခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့မှာက ဝင်ငွေမရှိဘူးလေ။ ကျွန်တော်တို့ရဲ့ဝင်ငွေက ပွဲကရင်းအလှူခံမယ်။ ပြီးရင် သီချင်းတွေဆိုပြီး အလှူလိုက်ခံတယ်။ ဖိတ်စာနဲ့ အလှူခံမယ်။ ဝင်ငွေကလည်း ဘာလုပ်ပိုင်ခွင့်မှမရှိတော့ ဘာဝင်ငွေမှ မရဘူး။ အစည်းအရုံးအဖွဲ့ဝင်တွေလိုက်ပြီး အလှူခံတယ်။ သူတို့ကိုယ်တိုင်လည်း လှူတယ်။ ဒါပေမယ့် လူရွှင်တော် တော်တော်များများက လူ(၁ဝဝ)မှာ (၂)ယောက်‌တောင် အိမ်ပိုင်မရှိကြဘူး။ နိုင်ငံတော်လူရွှင်တော်ကြီးတွေမှာလည်း အိမ်ငှားနေရတဲ့သူတွေရှိတယ်။ ကျန်တဲ့သူတွေကတော့ ပြောမနေနဲ့တော့”ဟု ဦးဒိန်းဒေါင်က ဆက်လက်ပြောဆိုထားသည်။

အခမ်းအနားသို့ တက်ရောက်၍ ကန်တော့ခံမည့် လူရွှင်တော်ကြီးများအပြင် အိပ်ရာထဲလဲနေသည့် သက်ကြီးလူရွှင်တော်ကြီးများကိုလည်း သက်ဆိုင်ရာတာဝန်ခံများဖြင့် သွားရောက်ကန်တော့နိုင်ရန် စီစဥ်ထားပြီး ပြည်သူများအနေဖြင့်လည်း တက်စွမ်းသမျှ ပါဝင်လှူဒါန်းနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။ 

“တစ်ချိန်ကစိတ်ညစ်စရာ တွေကြုံတွေ့တဲ့အခါမှာ လူရွှင်တော်ကြီးတွေရဲ့ ဇာတ်ကားတွေ ကြည့်ဖူးတာတွေ အမှတ်တရအနေနဲ့ရှိဖူးမှာပါ။ ချစ်ချစ်မုန်းမုန်း ရီဖူးကြတဲ့ သူတွေရှိမှာပါ။ အဲဒီလိုရီဖူးတာလေးကိုပဲ ရီဖူးသဒ္ဓါကြေးလေး လှူဒါန်းကြရင်ပိုကောင်းတာပေါ့”ဟု ဦးဒိန်းဒေါင်က ပြောသည်။

သက်ကြီးလူရွှင်တော်ကြီးများ ကန်တော့ပွဲတွင် ပါဝင်လှူဒါန်းလိုသူများအနေဖြင့် U Tin Htay (09-5138996)၊ U Aye Naing (09-5043682) စသည့် Kpay No များကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး၌ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးအဖွဲ့ဝင် (၁ဝဝဝ)ကျော်ရှိကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စစ်တွေတက္ကသိုလ်အနီး၌ လုပ်ကြံခံခဲ့ရသူများသည် ALP ၏ ဒုဥက္ကဋ္ဌနှင့် တပ်ရင်းမှူးတို့ဖြစ်ပြီး AA က ပစ်ခတ်သတ်ဖြတ်ခြင်းဖြစ်ဟု ကြေညာ

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved