နွားကျောင်းနေသည့် အမျိုးသမီးတစ်ဦး PDF များထောင်ထားသည့် လက်လုပ်မိုင်းအား နင်းမိပေါက်ကွဲ၍ သေဆုံး
NSS - ဇူလိုင် ၁
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် နွားကျောင်းနေသည့် အမျိုးသမီးတစ်ဦး PDF အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းအား နင်းမိ၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော ဇွန် ၂၈ ရက်၊ မွန်းလွဲ ၁နာရီ ၃၅မိနစ်တွင် ရွှေဘိုမြို့နယ်၊ ဘုတ်ကုန်းကျေးရွာ မြောက်ဘက် ၄ ဖာလုံခန့်အကွာရှိ နွားစားကျက်မြေ၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူအမျိုးသမီးသည် အဆိုပါ နွားစာကျက်၌ နွားကျောင်းနေစဉ် PDF အဖွဲ့မှထောင်ထားသည့် လက်လုပ်မိုင်း(၁)လုံးကို နင်းမိသဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောဆိုထားသည်။
ထိုသို့ပေါက်ကွဲမှုကြောင့် ဘုတ်ကုန်းကျေးရွာနေ ဒေါ်တင်တင်ဝေတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမည့်ပညာသင်နှစ်တွင် ကုန်သွယ်ရေကြောင်းကောလိပ်အတွက် အရာရှိလောင်း သင်တန်းသား(၃ဝဝ) ခေါ်ယူသွားမည်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ