ကော့ကရိတ်မြို့နယ်၌ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ(၁)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရရှိခဲ့
NSS - ဇွန် ၃ဝ
ကရင်ပြည်နယ်၊ ကောကရိတ်မြို့နယ်၌ KKO(ခွဲထွက်)အဖွဲ့နှင့် PDF အဖွဲ့၏ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုသား(၁)ဦးသေဆုံး၍ (၃)ဦးဒဏ်ရာရရှိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် (ဇွန်လ ၂၈ ရက်)၊ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်တွင် ကောကရိတ်မြို့၊ အမှတ်(၂)ရပ်ကွက်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ဖြစ်စဉ်မှာ အဆိုပါမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များကို KKO(ခွဲထွက်) အဖွဲ့နှင့် PDF အဖွဲ့တို့က မြို့၏အရှေ့မြောက်ဘက် မီတာ(၂၅ဝဝ)ခန့်အကွာမှ လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့နောက် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ အကြမ်းဖက်အဖွဲ့မှပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်များက အထက်ပါရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း နစကမှဆိုသည်။
ထိုသို့ကျရောက်ပေါက်ကွဲမှုကြောင့် ရပ်ကွက်အတွင်းနေထိုင်သည့် အမျိုးသာ(၁)ဦး သေဆုံးပြီး (၃)ဦးဒဏ်ရာရရှိကာ ဆိုင်ကယ်(၁)စီးမီးလောင်ပျက်စီးသွားခဲ့ကြောင်းလည်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေအေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
လက်ရှိတွင် ဒဏ်ရာရရှိသူများအား ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့အကြီးဆုံး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်အတွက် လုပ်ငန်းရှင်များအပါအဝင် အလှူရှင်များက ငွေကျပ် (၁၆)ဘီလျံကျော်လှူဒါန်း
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ