Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
KNDF နှင့် KNPP အဖွဲ့မှ သိမ်းပိုက်ထားသည့် နယ်ခြားစောင့်တပ်(၂)ခုအား ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း နစက ထုတ်ပြန်

NSS - ဇွန် ၂၉

KNDF နှင့် KNPP အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ထားသည့် ပန်တိန်းဒေသနှင့် စွတ်ပိုင်ဒေသရှိ နယ်ခြားစောင့်တပ်များအား ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။ 

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်မှ ၁၉ ရက်ထိ၊  ကယားပြည်နယ်အတွင်းရှိ တောင်လှစခန်း၊ မယ်တနွယ်စခန်း၊ ဘီပီ-၁၄ စခန်း၊ မယ်စဲ့စခန်းနှင့် နမ်ပေါင် စခန်းတို့အား KNDF နှင့် KNPP အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တို့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထို့သို့ တိုက်ခိုက်ခဲ့မှုကြောင့် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဇွန်လ ၁၆ ရက်တွင် ပန်တိန်းဒေသရှိ အမှတ် (၁ဝဝ၄) နယ်ခြားစောင့်တပ်သည် ဆက်သွယ်မှုများ ပြတ်တောက်ခဲ့ကြောင်း သိရသည်။

 ထို့နောက် ဇွန်လ ၁၇ ရက်၊ နံနက်ပိုင်းတွင် ဆက်သွယ်မှုပြန်လည်ရရှိခဲ့သော အဆိုပါတပ်မှ တပ်မတော်အရာရှိတစ်ဦး၏ သတင်းပို့ချက်အရ အသွင်ပြောင်းတပ်ဖွဲ့ဝင်အချို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ တောခိုခဲ့ပြီး KNPP နှင့် KNDF အကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်းသွားခဲ့ကြောင်း နစကမှ ဆိုသည်။

ဖြစ်စဉ်ကြောင့် ယင်းနေ့ နံနက်ပိုင်းတွင် တပ်မတော်အနေဖြင့် လေကြောင်းချီတပ်ဖွဲ့များအသုံးပြု၍ လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူရယူပြီး အဆင့်ဆင့်ချီတက်တိုက်ခိုက်ခဲ့ရာ မွန်းလွဲပိုင်းတွင် အမှတ် (၁ဝဝ၄) နယ်ခြားစောင့်တပ်ကို ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပြီး တပ်မတော်သားအရာရှိ၊ စစ်သည်၊ မိသားစုများကိုကယ်တင်၍ ရဟတ်ယာဉ်များဖြင့် လုံခြုံစိတ်ချရသည့်နေရာသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ 

အလားတူ စွတ်ပိုင်ဒေသရှိ အမှတ် (၁ဝဝ၅) နယ်ခြားစောင့်တပ်သည် ဇွန်လ ၁၇ ရက်တွင် ဆက်သွယ်မှုပြတ်တောက်ခဲ့ရာ လေကြောင်းချီတပ်ဖွဲ့သည် ရာသီဥတုအခြေအနေအရ အသုံးမပြုနိုင်သဖြင့် ကွန်မန်ဒိုတပ်ဖွဲ့များဖြင့် အဆင့်ဆင့်ချီတက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ထို့ကြောင့် ဇွန်လ ၂၇ ရက် ညနေပိုင်းတွင် အဆိုပါတပ်အား ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပြီး တပ်မ တော်မှအရာရှိ၊ စစ်သည်၊ မိသားစုများပျောက်ဆုံးနေသဖြင့် ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း နစကမှ ဆိုသည်။ 

အဆိုပါ အမှတ် (၁ဝဝ၄) နှင့် အမှတ် (၁ဝဝ၅) နယ်ခြားစောင့်တပ်တို့အား တိုက်ခိုက်သိမ်းပိုက်ရာတွင် အပြန်အလှန် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၎င်းတို့ထံမှ လက်နက်မျိုးစုံ ၄၁ လက်၊ ခဲယမ်းမျိုးစုံ ၉၂၇ တောင့်၊ ဗုံးသီးမျိုးစုံ ၂၈ လုံးနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ ကျဆုံး၊ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် တပ်မတော်အနေဖြင့် KNDF နှင့် KNPP အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ထားသည့် မယ်စဲ့ဒေသမှစခန်းအချို့အား အမြန်ဆုံးပြန်လည်သိမ်းပိုက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မိုင်းခွဲခံခဲ့ရသည့် ကျုံအိတ်တံတား၌ လုံခြုံရေးလုပ်ငန်းဆောင်ရွက်စဉ် Drop Bomb ဖြင့် တိုက်ခိုက်ခံရမှုကြောင့် (၃)ဦးထက်မနည်းသေဆုံးပြီး (၂၈)ဦးထက်မနည်း ဒဏ်ရာရရှိ

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved