မန္တလေးတွင် ငွေကျပ်(၁ ဒသမ ၈)ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ
စော (NSS) - ဇွန် ၂၉
မန္တလေးတိုင်းတွင် ငွေကျပ် (၁ ဒသမ ၈)ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ယမန်နေ့(ဇွန်လ ၂၈ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် ဇွန်လ (၂၁) ရက်၊ ညနေ (၅) နာရီခွဲအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ ၁၃၃ လမ်း၊ ၆၅ x ၆၆ လမ်းကြား၌ မြင့်ကျော်၊ မဇင်မာဦး နှင့် မနန်းစန္ဒာစိုးတို့အား မော်တော်ဆိုင်ကယ် (၁)စီးအပါအဝင် စိတ်ကြွရူးသွပ်ဆေးပြား( ၂ )သိန်း နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဖမ်းဆီးရမိသည့် မြင့်ကျော်နှင့် ဇနီးဖြစ်သူ မဇင်မာဦးတို့ နေထိုင်သည့် အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာ၊ ၁၄၂ လမ်း၊ ၆၅ x ၆၆ လမ်းကြားရှိ နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား (၁ဝ)သိန်းကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ထို့ကြောင့် စုစုပေါင်း ငွေကျပ် (၁ ဒသမ ၈ ဘီလျံ) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၂)သိန်းကို သိမ်း ဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဇွန်လ (၂၂) ရက်၊ ည(၈) နာရီအချိန်တွင် မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်း၊ ၈၄ x ၈၅ လမ်းကြား၌ အထက်ပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် တင်မောင်စိုးအား ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများသည် ရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ပြီး ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ်နေ့မှာ ဆွီဒင်နိုင်ငံရှိ ဗလီအပြင်မှာ ကိုရမ်းစာအုပ်ကို မီးရှို့ဖျက်ဆီးကာ ဆန္ဒပြခဲ့သူကို ဖမ်းဆီး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ