အစ်နေ့မှာ ဆွီဒင်နိုင်ငံရှိ ဗလီအပြင်မှာ ကိုရမ်းစာအုပ်ကို မီးရှို့ဖျက်ဆီးကာ ဆန္ဒပြခဲ့သူကို ဖမ်းဆီး
ဂျန်ဇက် (NP News) - ဇွန် ၂၉
မွတ်စလင်တွေရဲ့ ဘာသာရေးနေ့ထူးနေ့မြတ်ရက်ဖြစ်တဲ့ အစ်နေ့မှာ လူတစ်ဦးဟာ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့လယ်ခေါင်ရှိ မွတ်စလင်ဗလီအပြင်ဘက်မှာ ကိုရမ်ကျမ်းစာအုပ်ကို မီးရှို့ဖျက်ဆီး ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။
ဆွီဒင်နိုင်ငံဟာ ကိုရမ်ကျန်းစာအုပ်ကို မီးရှို့ဖျက်ဆီးကာ ဆန္ဒပြခြင်းအပေါ် ခွင့်ပြုပေးခြင်းအတွက် တူရကီနိုင်ငံရဲ့စိတ်ဆိုးဒေါသဖြစ်မှုများနဲ့ ရင်ဆိုင်နေရပါတယ်။ ဆွီဒင်နိုင်ငံမှာ ကိုရမ်ကျမ်းစာတွေကို မီးရှို့ဖျက်ဆီးနေခြင်းအပေါ် တူရကီက စိတ်ဆိုးဒေါသဖြစ်မှုများနဲ့အတူ ဆွီဒင်နိုင်ငံရဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ရေး ကြိုးပမ်းမှုတွေကို အတားအဆီးလုပ်နေကြောင်း သိရပါတယ်။
ဇွန်လ ၂၉ ရက်က အစ်နေ့မှာ ဗလီအပြင်ဘက်မှာနားမှာ ကိုရမ်ကျမ်းစာကို မီးရှို့ဆန္ဒပြခဲ့သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး စွဲချက်တင်ထားကြောင်း သိရပါတယ်။ ဆွီဒင်နိုင်ငံမှာ အစ္စလာမ်များအပေါ် ပစ်မှတ်ထားတဲ့ ဆန္ဒပြပွဲများမကြာခဏဖြစ်ပွားခဲ့ပြီး အချို့ဆန္ဒပြပွဲတွေမှာကိုရမ်ကျမ်းစာကို မီးရှို့ဖျက်ဆီးခြင်းများ ရှိနေခဲ့ကြောင်း သိရပါတယ်။ တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန်ဟာ ဆွီဒင်နိုင်ငံမှာ လွတ်လပ်စွာပြောဆိုလှုပ်ရှားခွင့်ရှိ ခြင်းကို အကြောင်းပြပြီး အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ခွင့်ပြုနေခြင်းကို လက်မခံနိုင်ကြောင်း ဝေဖန်ပြစ်တင် ခဲ့ပါတယ်။ အမေရိကန်အစိုးရကတော့ ဘာသာရေးနဲ့ပတ်သက်တဲ့ စာသား၊ စာအုပ်များကို မီးရှို့ဖျက်ဆီးခြင်းဟာ လေးစားမှုမရှိခြင်းဖြစ်သလို နာကျင်မှုများဖြစ်အောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။
အစ်နေ့က ဆွီဒင်နိုင်ငံရှိ ဗလီအပြင်မှာ ပြုလုပ်ခဲ့တဲ့ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူနှစ်ဦးအနက် တစ်ဦးက ကိုရမ်ကျမ်းစာအုပ်ကို ဖိနပ်နဲ့တက်နင်းခဲ့ပြီး မီးရှို့ဖျက်ဆီးခြင်းများရှိခဲ့ကြောင်း၊ ဆန္ဒပြပွဲနားမှာ ရှိနေတဲ့အခြားလူတွေကတော့ “God is Great” ဆိုတဲ့စာသားတွေကို ကြွေးကြော်ခဲ့ကြောင်း သိရပါတယ်။
ဗလီရှေ့မှာ ဆန္ဒပြခဲ့သူများအနက် ဆန္ဒပြသူတစ်ဦးဟာ ကိုရမ်ကျမ်းကို မီးရှို့ခဲ့တဲ့အပြင် ကျောက်ခဲနဲ့ ပစ်ပေါက်မှုတွေရှိခဲ့လို့ ဖမ်းဆီးခံရခြင်းဖြစ်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Rosatom အနေဖြင့် မြန်မာနိုင်ငံ၌ အပူစွမ်းအင်သုံးစီမံကိန်းများ အပါအဝင် အခြားစီမံကိန်းလုပ်ငန်းများပါ ပိုမိုရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း