Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
Rosatom အနေဖြင့် မြန်မာနိုင်ငံ၌ အပူစွမ်းအင်သုံးစီမံကိန်းများ အပါအဝင် အခြားစီမံကိန်းလုပ်ငန်းများပါ ပိုမိုရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ

ယွန်း (NSS) - ဇွန် ၂၉

Rosatom အနေဖြင့် မြန်မာနိုင်ငံ၌ အပူစွမ်းအင်သုံးစီမံကိန်းများ အပါအဝင် အခြားစီမံကိန်းလုပ်ငန်းများပါ ပိုမိုရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုများရှိနေကြောင်း Rosatom မှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆို သည်။

ရုရှားနိုင်ငံ အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (Russian State Atomic Energy Cooperation “Rosatom”) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Spasskiy Nikolay က ဇွန်လ(၂၈)ရက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်အား ရန်ကုန်နည်းပညာတက္ကသိုလ်၌ လာရောက်တွေ့ဆုံစဥ် အထက်ပါကဲ့သို့ ဆိုထားခြင်းဖြစ်သည်။ 

ထိုသို့ တွေ့ဆုံစဥ် မြန်မာနိုင်ငံအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခွင့်ရရှိခဲ့ခြင်းကြောင့် ဂုဏ်ယူကြောင်း Mr. Spasskiy Nikolay ကဆိုသည်။

ထို့ပြင် Rosatom အနေဖြင့် မြန်မာနိုင်ငံ၌ အပူစွမ်းအင်သုံးစီမံကိန်းများနှင့် အခြားစီမံကိန်းလုပ်ငန်းများအတွက် ပိုမိုရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုရှိကြောင်းကိုလည်း Mr. Spasskiy Nikolay က အသိပေးပြောဆိုခဲ့သည်။

အလားတူ MoU ရေးထိုးပြီးသော လေအားလျှပ်စစ်စီမံကိန်းများအတွက် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းလုပ်ငန်းကို တတ်နိုင်သမျှ ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် အလားအလာကောင်းများစွာပိုင်ဆိုင်သည့် မြန်မာနိုင်ငံတွင် Rosatom ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း Mr. Spasskiy Nikolay က အသိပေးပြောဆိုထားသည်။

ထို့နောက် (၂ဝ၂၂) ခုနှစ် နိုဝင်ဘာလတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosatom တို့ လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ ဆောင်ရွက်ခဲ့သော အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းအကြို ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုအစီရင်ခံစာကို Rosatom မှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ ပေးအပ်ခဲ့သည်။

အလားတူ နျူကလီးယားအခြေခံအဆောက်အအုံ အကဲဖြတ်ခြင်းနှင့် မြှင့်တင်ခြင်းကဏ္ဍအတွက် နား လည်မှုစာချွန်လွှာ (Memorandum of Under-standing in the field of Nuclear Infrastructure assemment and enhancement) ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် Rosatom တို့အကြား လက်မှတ်ရေးထိုးခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

KNDF နှင့် KNPP အဖွဲ့မှ သိမ်းပိုက်ထားသည့် နယ်ခြားစောင့်တပ်(၂)ခုအား ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း နစက ထုတ်ပြန်

RELATED POSTS
RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved