Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
KLNA၊ PDF အဖွဲ့က မွန်ပြည်နယ်ရှိ တံတားတစ်စင်းကို မိုင်းခွဲပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ လာရောက်စစ်ဆေးစဉ် ဗုံး၊ ရှော့တိုက်ဒုံးဖြင့် ထပ်မံပစ်ခတ်ရာ ထိခိုက်သေဆုံးမှုများရှိခဲ့

NSS - ဇွန် ၂၉

မွန်ပြည်နယ်၌ KNLA၊ PDF ပူးပေါင်းအဖွဲ့က တံတားတစ်စင်းကို မိုင်းခွဲခဲ့ပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ လာရောက်စစ်ဆေးစဉ် Drop ဗုံး၊ ရှော့တိုက်ဒုံးများဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(ဇွန်လ ၂၉ ရက်)၊ နံနက် ၄ နာရီခွဲအချိန်ခန့်တွင် သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်အစပ်၌ရှိသော ကျုံအိပ်တံတား၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူက NP News ကိုပြောသည်။

KNLA၊ PDF ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အလျား (၉၅)ပေ၊ အကျယ်(၃၆)ပေရှိသည့် သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်သော ကျုံအိပ်တံတားကို မိုင်းကပ်ကာ ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ် ကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

“မနက် ၄ နာရီခွဲလောက်မှာ မိုင်းကပ်ပြီး ခွဲသွားတာပေါ့လေ။ အဲဒီတံတားက သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်အစပ်မှာရှိတဲ့ တံတားပေါ့။ တံတားက သံကူကွန်ကရစ်တံတားပေါ့။ အကျယ်က ၃၆ ပေရှိတယ်။ ၂၄ ပေလောက် အောက်ကပွင့်ထွက်ပြီး ပျက်စီးသွားတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ထိုသို့ ကျုံအိပ်တံတားအား မိုင်းခွဲဖျက်ဆီးခဲ့ပြီးနောက်ပိုင်းတွင် တံတားလမ်းပိုင်းအား အသုံးပြု မောင်းနှင်ခဲ့သော အိမ်စီး ကား(၂)စီးသည် အရှိန်လွန်ကာ တိမ်မှောက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“ကားနှစ်စီးက သူက မနက် ၄ နာရီခွဲလောက်ဆိုတော့ မိုင်းခွဲပြီးတဲ့အချိန်မှာ အဲဒီကားနှစ်စီးက မသိဘူးနဲ့တူတယ်။ မောင်းတက်သွားတော့ အဲဒီမှာ ကျသွားတယ်။ တစ်ယောက်ကတော့ ဆုံးသွားတယ်” ဟု အထက်ပါတာဝန်ရှိသူက ထပ်မံပြောဆိုထားသည်။

အထက်ပါကဲ့သို့ တံတားအား မိုင်းခွဲဖျက်ဆီးပြီးနောက် ကားတိမ်းမှောက်သေဆုံးခဲ့ရသူသည် သထုံမြို့နယ်တွင် နေထိုင်သည့် အရပ်သားတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

ကျုံအိပ်တံတားအား မိုင်းခွဲဖျက်စီးခံရမှုအခြေအနေနှင့်ပတ်သက်၍ ခရိုင်အုပ်ချုပ်ရေးအဖွဲ့နှင့် ဘီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့တို့သည် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ထပ်မံသိရှိရသည်။

ထိုသို့ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် တံတားအား သွားရောက်စစ်ဆေးကြည့်ရှု့စဉ်အချိန် နံနက် ၇ နာရီဝန်းကျင်ခန့်တွင် KNLA၊ PDF ပူးပေါင်းအဖွဲ့က Drop ဗုံးအပါအဝင် ရှော့တိုက်ဒုံးများဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မနက် ၇ နာရီလောက်မှာ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ပေါ့လေ၊ နောက်ဘီးလင်းအုပ်ချုပ်ရေးမှူးတို့ သွားကြည့်တဲ့အခါမှာ Drop ဗုံးနဲ့ ပစ်တယ်။ အဲဒီမှာ ဒဏ်ရာတွေ၊ ဘာတွေ ရသွားတယ်။ ၄၊ ၅၊ ၆ ယောက်လောက်တော့ ဒဏ်ရာရသွားတယ်။ အသေးစိတ်တော့ မသိသေးဘူး။ သူတို့က Drop ဗုံးနဲ့ပစ်တဲ့အပြင် နောက် ရှော့တိုက်ဒုံးနဲ့ပါ ပစ်တယ်လို့ကြားတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ ဒဏ်ရာရတာတွေကတော့ အဲဒီလို ခြေထောက်တွေ၊ ဗိုက်တွေမှာ အစလေးတွေ မှန်သွားတာတော့ ရှိတယ်”ဟု အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောဆိုထားသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ KNLA၊ PDF ပူးပေါင်းအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ၎င်းအဖွဲ့များသည် ပြီးခဲ့သော ရက်ပိုင်းအတွင်းကလည်း ခြိမ်းခြောက်ပြောဆိုနေမှုများရှိကြောင်း ကြားသိရသည်ဟု ၎င်းက ထပ်မံပြောဆိုထားသည်။

လက်ရှိတွင် ကျုံအိပ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက်ပိုင်း (၁၂)ပေ ကားများသာ ဖြတ်သန်းသွားလာနိုင်ကြောင်းသိရပြီး ဒေသခံပြည်သူများနှင့် လမ်းအသုံးပြုသွားလာနေသူများအတွက် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံတော်က မိုးစပါးစိုက် ဧက (၅)သိန်းကျော်အတွက် ဓာတ်မြေဩဇာများကို အထူးဈေးဖြင့် ရောင်းချပေးမည်

RELATED POSTS
RECENT POSTS
အမေရိကန်နိုင်ငံ၊ မိန်းပြည်နယ်ရှိ လယ်ယာအိမ်တစ်ခုမှာ ၁၈ ရာစုကတည်းက ရှိနေတဲ့ ပျားအုံကြီးတွေ့ရှိ
23 Sep 2024
တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းရှိ တိရစ္ဆာန်ရုံတစ်ခုမှာ ပန်ဒါပုံစံခွေးလေးတွေ ခရီးသွားတွေကြား ရေပန်းစားနေ
23 Sep 2024
EXO အဖွဲ့ဝင် ဒိုကွမ်ဆို (D.O.) ကို ရည်ညွှန်းတဲ့ ညစ်ညမ်းတဲ့ပိုစ့်တွေနဲ့ ကောလဟာတွေ ပြောဆိုသူတွေကို တရားဥပဒေအရ အရေးယူမည်
23 Sep 2024
မြောက်ကိုရီးယားက ပေးပို့ခဲ့တဲ့မိုးပျံပူဖောင်းတွေက တောင်ကိုရီးယားရဲ့အစိုးရအဆောက်အဦးတွေအထိကို ရောက်ရှိလာ
22 Sep 2024
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved