ယာတဲ၌ အလုပ်လုပ်နေသော အမျိုးသား(၁)ဦးအား PDF အဖွဲ့မှ သေနတ်ဖြင့်ပစ်သတ်မှု တောင်သာမြို့နယ်တွင်ဖြစ်ပွား
NSS - ဇွန် ၂၈
မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ယာတဲ၌ အလုပ်လုပ်နေသော အမျိုးသား(၁)ဦးအား PDF အဖွဲ့မှသေ နတ်ဖြင့် ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော ဇွန်လ ၂၅ ရက်၊ ညနေ ၅နာရီ အချိန်တွင် တောင်သာမြို့နယ်၊ ချင်းယားတောင်ကျေးရွာ တောင်ဘက် (၂)ဖာလုံခန့်အကွာရှိ တောင်ယာတဲတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါကျေးရွာနေ သေဆုံးသူအမျိုးသားသည် ၎င်းပိုင်ဆိုင်သော ယာတဲတွင် အလုပ်လုပ်နေစဉ် PDF အဖွဲ့အင်အား(၆)ဦးခန့်က ဆိုင်ကယ်(၂)စီးဖြင့်ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
ထိုသို့ပစ်ခတ်ခံရမှုကြောင့် ချင်းယားတောင်ကျေးရွာနေ ဦးဝင်းမိုး(၅၂)နှစ်တွင် ကျဉ်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖြူထိုင်းပါတီက အောက်လွှတ်တော် ဥက္ကဋ္ဌနေရာ နဲ့ ဝန်ကြီး (၁၄)နေရာရယူလိုပြီး သဘောတူညီမှုမရရှိပါက ရှေ့သို့ချီပါတီနဲ့ ပူးပေါင်းနေမှုတွေကို ပြန်စဉ်းစားမယ်ဟုဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ