Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နစကလက်ထက် အကျဉ်းသား (၆၂ဝဝဝ)ကျော် လွတ်ငြိမ်းခွင့်ပြုထားပြီး သေဒဏ်အကျဉ်းသား (၅၉)ဦးကိုလည်း ပြစ်ဒဏ်လျော့ပေါ့ပေးထား

မျိုးကြီး (NSS) - ဇွန် ၂၇

လက်ရှိ နစကလက်ထက်၌ အကျဉ်းသား (၆၂ဝဝဝ)ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုထားပြီး သေဒဏ်ကျခံနေရသည့် အကျဉ်းသား (၅၉)ဦးကိုလည်း ပြစ်ဒဏ်လျော့ပေါ့ပေးထားကြောင်း သတင်းရရှိသည်။

တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် နစကအစိုးရ (၂)နှစ်တာကာလအတွင်း၌ မုဒိန်းမှုနှင့် လူသတ်မှုမှအပ အခြားရာဇဝတ်မှု ကျူးလွန်ခြင်းများကို လွတ်ငြိမ်းခွင့်ပေးထားကြောင်း နစက၏ သတင်းအချက်အလက်များတွင် ဖော်ပြထားသည်။

မုဒိန်းမှုနှင့် လူသတ်မှုကို ကင်းလွတ်ခွင့်မပေးရခြင်းသည် ကျူးလွန်ခံရသူ မိသားစုများ၏ ဆန္ဒကို မျက် ကွယ်ပြုရန် မသင့်သည့်အတွက် ကင်းလွတ်ခွင့်မပေးရခြင်းဖြစ်ကြောင်း နစကမှ ဆိုထားသည်။

လက်ရှိတွင် နစကလက်ထက် (၂)နှစ်တာကာလအတွင်း၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား (၆၂၈၁၈)ဦးကျော် လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း နစက၏ သတင်းအချက်အလက်များတွင် ဖော်ပြထားသည်။

ထို့ပြင် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယနေ့အချိန်အထိ သေဒဏ်ကျခံနေရသည့် အကျဉ်းသားစုစု ပေါင်း (၅၉)ဦးကိုလည်း တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ လျော့ပေါ့ပေးခဲ့ကြောင်းလည်း နစကဘက်က ပြောဆိုထားသည်။

သို့သော် လက်ရှိ နစကလက်ထက်၌ပင် သေဒဏ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည့် (၈၈) မျိုးဆက်ကျောင်း သားခေါင်းဆောင် တစ်ဦးဖြစ်သော ကိုဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် (၄)ဦးကို ပြစ်ဒဏ်စီရင်မှု ပြုလုပ်ခဲ့ဖူးသည်။

၎င်းတို့(၄)ဦးသည် အကြမ်းဖက်သတ်ဖြတ်မှုများကို ကျူးလွန်ရာတွင် စီစဉ်ညွှန်ကြားခြင်း၊ စီမံဆောင်ရွက်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ကိုယ်တိုင်ပါဝင်ကျူးလွန်ခြင်းတို့ကြောင့် အပြစ်မဲ့ပြည်သူအများအပြားသေဆုံးခဲ့ရမှုအတွက် သက်ဆိုင်ရာ စစ်ခုံရုံးအသီးသီးက ကျူးလွန်သည့်ပြစ်မှုအလိုက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ သက်ဆိုင်ရာပြဋ္ဌာန်းချက် ပုဒ်မများ၊ ရာဇသတ်ကြီး၏ သက်ဆိုင်ရာပြဋ္ဌာန်းချက်ပုဒ်မများဖြင့် စွဲချက်တင်ပြီး ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း နစကဘက်က ဆိုထားသည်။

အထက်ပါကဲ့သို့ သေဒဏ်ပြစ်ဒဏ် စီရင်မှုသည် မြန်မာနိုင်ငံ၌ နှစ်ပေါင်း(၃ဝ)ကျော်နောက်ပိုင်း လက်ရှိ နစကအစိုးရလက်ထက်တွင် ပထမဆုံးအကြိမ် ပြန်လည်ပြုလုပ်ခြင်းမျိုးဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ သေဒဏ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည့် အကျဉ်းသား (၅၉)ဦးသာရှိပြီး ၎င်းအကျဉ်းသားများကို တစ်သက် တစ်ကျွန်းပြစ်ဒဏ်သို့ လျော့ပေါ့ပေးထားကြောင်း နစကမှ ပြောဆိုထားသော်လည်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက အကျဉ်းထောင်များ၌ သေဒဏ်ချမှတ်ခံထားရသူသည် (၁၁၅)ဦး ရှိကြောင်း ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရှိရသည်။


Comments :

1 comments

user_logo
Thaung Win

1 year ago - 1:50 am - Jun 28, 2023

မင်းတို့အတွက် ဝမ်းသာရမလါး?ဝမ်းနည်းရမလါး?
PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်အခြေစိုက် Pact Myanmar ချေးငွေလုပ်ငန်း ယခုလကုန်၌ လုပ်ငန်းပိတ်သိမ်းမည်

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved