ရှမ်းပြည်နယ်တွင် အိမ်စီးကားမှ ဓာတ်တိုင်အား ဝင်တိုက်ခဲ့ရာ (၃)ဦးသေဆုံး
စော (NSS) - ဇွန် ၂၆
ရှမ်းပြည်နယ်၊ သိန္နီမြို့၊ နောင်မောင်းကျေးရွာတွင် အိမ်စီးကားမှ ဓာတ်တိုင်အား ဝင်တိုက်မိ၍ လူ(၄)ဦးအနက် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး(၂)ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၂၆ ရက်)၊ မွန်းလွဲ (၁၁)နာရီအချိန်တွင် နောင်မောင်းကျေးရွာ၊ မိုင်တိုင် (၁ဝ/၄)နှင့် (၁ဝ/၅)ကြား၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အနှိုင်းမဲ့ကုသိုလ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါကားသည် ကွမ်လုံလမ်းအတိုင်း မောင်းနှင်လာစဉ် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အထက်ပါအသင်းထံမှ သိရသည်။
“အရှိန်များပြီး ဓာတ်တိုင်ကိုဝင်တိုက်မိတာလားတော့ မသိဘူး။ ယာဉ်ပေါ်ကလူတွေကို ကျွန်တော်တို့ခေါ်လာတာကတော့ (၄)ယောက်ပါ။ ယာဉ်မောင်းကတော့ ဒဏ်ရာရသွားတယ်။ မစိုးရိမ်ရပါဘူး။ အမျိုးသားတစ်ယောက်၊ အမျိုးသမီး နှစ်ယောက်တော့ ဆုံးသွားတယ်”ဟု အနှိုင်းမဲ့ကုသိုလ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ယာဉ်မတော်တဆမှုကြောင့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့သည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ပြီး အမျိုးသမီးတစ်ဦးသည် ဆေးရုံအရောက်တွင် ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူအမျိုးသားသည် အသက်(၄ဝ)ဝန်းကျင်ရှိပြီး ကျန်အမျိုးသမီး နှစ်ဦးသည် လူလတ်ပိုင်းဖြစ်ကာ ၎င်းတို့အား သိန္နီပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါးပပျောက်ရေးကို လုပ်ငန်းစဉ်(၂)ခုဖြင့် ဆောင်ရွက်နေဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ