မကွေးတိုင်းတွင် ခရီးသည်တင်ကားနှင့် အိမ်စီးကား တိုက်မိရာမှ တစ်ဦးသေဆုံးပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိ
Pearl (NSS) - ဇွန် ၂၆
မကွေးတိုင်း၊ မြို့သစ်မြို့နယ်တွင် ခရီးသည်တင်ကားနှင့် အိမ်စီးကား တိုက်မိရာမှ တစ်ဦးသေဆုံးပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်လူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ ၂၅ ရက်)၊ ညနေ (၃)နာရီခွဲ အချိန်ခန့်တွင် မြို့သစ်မြို့နယ်၊ နေပြည်တော် - မြို့သစ် - ကန်ပြားလမ်း ၊ ဇီးလုံးကျေးရွာ၊ ဖိုးလပြည့်ထမင်းဆိုင်အနီးတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ထမင်းဆိုင်အနီးတွင် ခရီးသည်တင်ကားနှင့် အိမ်စီးကားတို့ အရှိန်ဖြင့် မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြောင်း သိရသည်။
"မျက်နှာချင်းဆိုင် ကားချင်းချိတ်ပြီးတိုက်မိသွားတာ။ အရှိန်များတာလည်းပါတာပေါ့။ ခရီးသည်တင် ကားက ရခိုင်ကနေ မော်လမြိုင် သွားတဲ့ကား၊ အိမ်စီးကားက နေပြည်တော်ကနေ ပလက်ဝကို ပြန်တဲ့ကား။ ခရီးသည်တင်ကားရဲ့ ယာဉ်မောင်းဆုံးတယ်။ ကျား (၁)ဦး၊ မ(၁)ဦး ထိခိုက်ဒဏ်ရာရတယ်။ အိမ်စီးကားက အမျိုးသားတစ်ဦး ဒဏ်ရာရတယ်" ဟု မြေပြင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ဖြစ်စဉ်ကြောင့် ခရီးသည်တင်ကား၏ ယာဉ်မောင်းအမျိုးသားတစ်ဦးသည် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား မကွေးပြည်သူ့ဆေးရုံ ၊ နေပြည်တော်ဆေးရုံနှင့် မော်လမြိုင်ဆေးရုံကြီးမျာသို့ အသီးသီး ပို့ဆောင်ပေးထားပြီး ဒဏ်ရာရရှိသူများအနက် တစ်ဦးမှာ စိုးရိမ်ဖွယ်အခြေအနေရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ- ဘရာဇီး နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် နှစ်နိုင်ငံဆွေးနွေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ