Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြတ်မောင်ရွှေဆိုင် ဓါးပြတိုက်မှုကွင်းဆက်မှ တွံတေးမြို့ပြပြောက်ကျားအဖွဲ့၏ ဒုခေါင်းဆောင်အပါအဝင် (၁၇)ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ဟု နစကထုတ်ပြန်

Pearl (NSS) - ဇွန် ၂၅

မြတ်မောင်ရွှေဆိုင် ဓါးပြတိုက်မှုကွင်းဆက်မှ တွံတေးမြို့ပြပြောက်ကျားအဖွဲ့၏ ဒုခေါင်းဆောင်အပါအဝင် (၁၇)ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။ 

ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်ရှိ “မြတ်မောင်”စိန်ရွှေရတနာဆိုင်သို့ အကြမ်း ဖက်သမား ၃ ဦးမှ သေနတ်ပြခြိမ်းခြောက် ဓားပြတိုက်လုယက်သူများနှင့် ဆက်စပ်သူ အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၉ ဦးတို့အား ယူဆောင်သွားသည့် ရွှေထည်ပစ္စည်းများ၊ လက်နက်/ခဲယမ်းမျိုးစုံတို့နှင့်အတူ ဖြစ်စဉ်ဖြစ်ပွားပြီး ၅ နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားပြီးဖြစ်သည်။

ထို့ပြင် ဖမ်းဆီးရမိသူများအား စစ်ဆေးဖော်ထုတ်ချက်များအရ တွံတေးမြို့ပြပြောက်ကျား အမည်ခံအကြမ်းဖက်အဖွဲ့သည် တွံတေးမြို့နယ်နှင့် ရန်ကုန်မြို့အတွင်း အပြစ်မဲ့ပြည်သူများအားလုပ်ကြံသတ် ဖြတ်မှုများ နှင့် ဓားပြတိုက်လုယက်မှုများ ကျူးလွန်ထားကြောင်းသိရသည်။ 

ထို့နောက် ၎င်းတို့၏ထွက်ဆိုချက်အရ ဇွန်လ ၂ဝ ရက်တွင် တွံတေးမြို့ပြပြောက်ကျား အမည်ခံ အကြမ်း ဖက်အဖွဲ့ဝင်များဖြစ်သည့် ဆက်ပိုင်မျိုး၊ ဇော်မျိုးခန့်နှင့် ၎င်းတို့အားလက်ခံထားသည့် ကျော်သူဟိန်း၊ ဥက္ကာကျော်၊ မျိုးညွန့်အောင်တို့အား မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဝေဘာဂီလမ်းတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆိုသည်။ 

အလားတူ ဇွန်လ ၂၂ ရက်၊ ညနေပိုင်းတွင် ဓားပြတိုက်လုယက်မှုတွင်ပါဝင်ခဲ့သည့် ကျော်ဇင်ထိုက် (ခ)ကိုကြီးကျော် ၊ ဝီလျံထိုက်(ခ)ဝီလျံ ၊ ခိုင်ခန့်ဇော်(ခ)ရှမ်းလေးနှင့် ၎င်းတို့အား လက်ခံထားသည့် လှသိန်း(ခ)မူဆယ် တို့အား Sig Sauer ပစ္စတို ၁ လက်၊ Kuzey ပစ္စတို ၁ လက်၊ ပစ္စတိုကျည်အိမ် ၄ ခု၊ ၉ မမကျည် ၄၇ တောင့် တို့နှင့်အတူ ဖျာပုံမြို့နယ်၊ အပြောင်ကျေးရွာ၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ထို့ပြင် ဇွန်လ ၂၃ ရက်၊ နံနက်ပိုင်းတွင် တွံတေးမြို့ပြပြောက်ကျားအဖွဲ့ ဒုတိယခေါင်းဆောင် ဆံရှည်(ခ) ကိုထက်(ခ) ထက်နိုင်ဦး နှင့် ၎င်းအားလက်ခံထားရှိပြီး လက်နက်/ခဲယမ်းများအား သိမ်းဆည်းပေးထားသည့် လှမျိုးဇော်(ခ) ချစ်ထူး ၊  မြင့်လွင်၊ သောရေမူး (ခ) ဖိုးသောကြာ၊ လဲပွဲမူး ၊ လယ်မူးနှင့် ငြိမ်းချမ်း (ခ)ပသီတို့အား Sig Sauer ပစ္စတို ၁ လက်၊ Pietro Beretta ပစ္စတို ၁ လက်၊ Beretta ပစ္စတို ၁ လက်၊ ပစ္စတိုကျည်အိမ် ၃ ခု၊ ၉ မမကျည် ၃၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်ရှို့ပစ်ဗုံး ၂ လုံးတို့နှင့်အတူ တွံတေးမြို့နယ်၊ ရေကျော်စုကျေးရွာ၌ ဖမ်းဆီးရမိခဲ့ပြီး   ယင်းနေ့ညနေပိုင်းတွင် အဖွဲ့ဝင် လေးမောင်မောင်(ခ)ရွှေကွန်းအား တွံတေးမြို့နယ်၊ ရေကျော်စုကျေးရွာရှိ ၎င်း၏နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်တွင် အမျိုးသား ၂၄ ဦးနှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၂၆ ဦးတို့အား လက်နက်ငယ်မျိုးစုံ ၁ဝ လက်၊ ကျည်အိမ်မျိုးစုံ ၁၅ ခု၊ လက်ပစ်ဗုံးမျိုးစုံ ၅ လုံး၊ ကျည်မျိုးစုံ ၆၂၇ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကာ ဓားပြတိုက်လုယက်ယူဆောင်သွားသည့် ရွှေထည်ပစ္စည်းများအား ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

တွံတေးမြို့ပြပြောက်ကျား အမည်ခံအကြမ်းဖက်အဖွဲ့ခေါင်းဆောင်သည် KNLA တပ်မဟာ(၆)လှုပ်ရှားနယ်မြေအတွင်း ခိုအောင်းလျက်ရှိသည့် ဖမ်းဆီးရန်ကျန် ချမ်းမြေ့အောင်ဖြစ်ပြီး ၎င်း၏ခိုင်းစေမှုဖြင့်  လုပ်ကြံသတ်ဖြတ်မှု (၁ဝ)ကြိမ်၊ ဓားပြတိုက်မှု (၃)ကြိမ်ကျူးလွန်ခဲ့ကြောင်း ဇွန်လ ၂ဝ ရက်တွင် နစကမှ သတင်းထုတ်ပြန်ခဲ့သည်။ 

ထို့ပြင်  ထပ်မံဖမ်းဆီးရမိခဲ့သည့် ဒုခေါင်းဆောင်ထက်နိုင်ဦး၏ ထွက်ဆိုချက်အရ လုပ်ကြံသတ်ဖြတ်မှု (၁ဝ)ကြိမ်၊ အကြမ်းဖက်ဖောက်ခွဲမှု(၁)ကြိမ် ထပ်မံကျူးလွန်ခဲ့ကြောင်း နစကမှထုတ်ပြန်ထားသည်။ 

ထို့ကြောင့် တွံတေးမြို့ပြပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့အနေဖြင့် တွံတေးမြို့နယ်နှင့် ရန်ကုန်မြို့အတွင်း လုပ်ကြံသတ်ဖြတ်မှု (၂ဝ) ကြိမ်၊ ဓါးပြတိုက်လုယက်မှု (၃) ကြိမ်နှင့် အကြမ်းဖက်ဖောက်ခွဲမှု (၁)ကြိမ်၊ စုစုပေါင်းအကြမ်းဖက်လုပ်ဆောင်မှု (၂၄)ကြိမ်တို့အား ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရကြောင်း နစကမှ ဆိုသည်။ 

အထက်ပါ ဖမ်းဆီးရမိသူများအား ၎င်းတို့နှင့်ထိုက်တန်သည့် ပြစ်ဒဏ်များအား ဥပဒေအတိုင်း ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

Super Custom ကားပေါ်မှ ငွေကျပ်သိန်း(၃ဝဝဝ) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများသိမ်းဆည်းရမိ

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved