Super Custom ကားပေါ်မှ ငွေကျပ်သိန်း(၃ဝဝဝ) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများသိမ်းဆည်းရမိ
သန့်ဇင်(NSS) - ဇွန် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် ငွေကျပ်သိန်း (၃ဝဝဝ) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေး ပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် (ဇွန်လ ၂၁ ရက်)၊ ညနေ ၃နာရီအချိန်တွင် လွိုင်လင်မြို့နယ်၊ လွိုင်လင်-တောင်ကြီးသွားကားလမ်း၊ ဟိုတင့်ကျေးရွာအနီးတွင် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် အဆိုပါကျေးရွာအနီးတွင် လွိုင်လင်မှ တောင်ကြီးဘက်သို့ အိုက်ဆန်မောင်းနှင်လာသည့် Super Custom ကားကို သတင်းအရ စစ်ဆေးရှာဖွေခဲ့ခြင်းဖြစ်သည်။
ထိုသို့ ရှာဖွေခဲ့ရာ အဆိုပါကားပေါ်တွင် ဒေသကာလတန်ဖိုးငွေကျပ်သိန်း(၃ဝဝဝ)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁ဝ)သိန်းကို သိမ်ဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက် စစ်ဆေးဖော်ထုတ်ချက်အရ သိမ်ဆည်းရမိသော အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့မှ ဟိုကုံးမြို့သို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းအား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
2023 MIECF သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ဟုဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ