ဒဂုံဆိပ်ကမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် (၁ဝ)ချက်ထက်မနည်း ပစ်ခတ်လုပ်ကြံခံခဲ့ရ
NSS - ဇွန် ၂၄
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးလှကြည်သည် သေနတ်ဖြင့်(၁ဝ)ချက်ထက်မနည်း ပစ်ခတ်လုပ်ကြံခံခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၂၃ ရက်)၊ ည ၇ နာရီအချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလှကြည်သည် (၉၄)ရပ်ကွက်ရှိ စိန်ပန်းလမ်းထောင့်အရောက်၌ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း လုံခြုံ ရေးအဖွဲ့ဝင်များနှင့်နီးစပ်သော သတင်းအရင်းအမြစ်က NP News ကို ပြောသည်။
အသက် (၇၇)နှစ်အရွယ်ရှိ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလှကြည်သည် ကားတစ်စီးဖြင့် အပြင်မှ နေအိမ်သို့ ပြန်လာစဉ်အချိန် စိန်ပန်းလမ်းထောင့်အရောက်၌ ဆိုင်ကယ်တစ်စီးဖြင့် လူ(၂)ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါ အကြမ်းဖက်လူ(၂)ဦးသည် ဦးလှကြည်အား သေနတ်ဖြင့် (၁၂)ချက်ခန့် ပစ်ခတ်ကာ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆိုထားသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလှကြည် မောင်းနှင်လာသည့်ကားတွင် ကားမှန်များ ကွဲအက်ပျက်စီးမှုများရှိခဲ့ကာ ဦးလှကြည်တွင်လည်း ကျည်ဖောက်ဒဏ်ရာ (၃)ချက်ခန့် ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလှကြည်အား ဆေးရုံသို့ ပို့ဆောင်ကာ ကုသပေးလျက်ရှိကြောင်း သိရပြီး ၎င်း၏အခြေအနေမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း သိရသည်။
အလားတူ ပြီးခဲ့သော ဇွန်လ ၁၉ ရက်တွင်လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ စီမံခန့်ခွဲဝန် ဆောင်မှုပေးနေသည့် YACL မှ မန်နေဂျာဖြစ်သည့် အငြိမ်းစားဗိုလ်ကြီးဦးရဲခိုင်သည်လည်း ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သော Urban Owls ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံကို အာဆီယံမိသားစုအသိုက်အဝန်းထဲမှ ဖယ်ထုတ်မယ့်အယူအဆကို လက်မခံနိုင်ကြောင်း ထိုင်းအမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးဟောင်းပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ