မြန်မာနိုင်ငံကို အာဆီယံမိသားစုအသိုက်အဝန်းထဲမှ ဖယ်ထုတ်မယ့်အယူအဆကို လက်မခံနိုင်ကြောင်း ထိုင်းအမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးဟောင်းပြော
ဂျန်ဇက် (NSS) - ဇွန် ၂၄
မြန်မာနိုင်ငံကို အာဆီယံမိသားစုအသိုက်အဝန်းထဲမှ ဖယ်ထုတ်မယ့် အယူအဆကို လက်မခံနိုင်ကြောင်း ထိုင်းအမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်းဖြစ်သလို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဟောင်း Nantiwat Samart ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ ဇွန်လ ၁၉ ရက်ကကျင်းပတဲ့ မြန်မာ့အရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုများ၊ ဝေဖန်ပြစ်တင်မှုများထွက်ပေါ်လာခဲ့ပြီးနောက် ၎င်းက အခုလိုပြန်လည်တုံ့ပြန်လိုက်တာဖြစ်ပါတယ်။ ၎င်းက "မင်းအမှားလုပ်သလိုမျိုး ငါကိုအမှားလုပ်ရမယ်ဆိုပြီး ခိုင်းစေလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတိုင်းဟာ ကိုယ်ပိုင်အချုပ်အခြာအာဏာရှိတယ်။ ဘယ်နိုင်ငံကိုမှ ၎င်းတို့ရဲ့ကိုယ်ပိုင်စံနှုန်းများနဲ့ အကဲဖြတ်ခြင်းမပြုရဘူး၊ အဲဒီလိုမျိုး မဟုတ်ပါက ပဋိပက္ခများ နဲ့ စစ်ပွဲများ အဆုံးသတ်နိုင်မှာမဟုတ်တော့ဘူး"လို့ပြောပါတယ်။
ထိုင်း နဲ့ မြန်မာနယ်စပ်ဒေသမှာတိုက်ပွဲဖြစ်ပွားမှုမြင့်တက်လာမယ်ဆိုရင် နယ်စပ်ဒေသ စစ်ဆေးရေးဂိတ်များကို ပိတ်ရမယ့်အခြေအနေမျိုးများရှိလာနိုင်ပြီး နှစ်နိုင်ငံနယ်စပ်တစ်လျှောက်ကုန်သွယ်ရေးကို သက် ရောက်မှုများရှိလာနိုင်ကာ ထိုင်းပြည်သူများအပေါ် သက်ရောက်မှုများစွာရှိလာနိုင်ကြောင်း ၎င်းကပြောပါတယ်။ ထိုင်း နဲ့ မြန်မာနိုင်ငံတို့ဟာ နယ်စပ်ဒေသချင်းထိစပ်နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် တစ်နိုင်ငံ နဲ့ တစ်နိုင်ငံဝေးကွာတဲ့ပုံစံမျိုးနဲ့ရပ်တည်လို့မရဘဲ အတူရှင်သန်နေထိုင်ရမှာဖြစ်ပြီး မိတ်ဆွေတွေကို ရန်သူတွေဖြစ်အောင်တွန်းမပို့စေလိုကြောင်း၊ ထိုင်းအမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်းကပြောပါတယ်။
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ မြန်မာ့အရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ အိန္ဒိယ၊ တရုတ်၊ ထိုင်း တို့အပါအဝင် နိုင်ငံပေါင်း (၉)နိုင်ငံတက်ရောက်ခဲ့ကြောင်းသိရပါတယ်။ အဲဒီအစည်းအဝေးဟာ မြန်မာနိုင်ငံကို အာဆီယံမိသားစုအသိုက်ဝန်းထဲ ပြန်လည်ရောက်ရှိစေအောင် မြန်မာနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ကူညီပေးရေးအတွက် နည်းလမ်းရှာတဲ့ အစည်းအဝေးမျိုးဖြစ်ကြောင်း ၎င်းကပြောပါတယ်။
၎င်းက "မကြာခင်ဖြစ်လာမယ့် ထိုင်းအစိုးရအဖွဲ့သစ်ဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒီလိုမျိုးချဉ်းကပ်မှုကို မကြိုက်နှစ်သက်ဘူးလား၊ မြန်မာနိုင်ငံ နဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကိုမလိုလားဘူးလား၊ထိုင်းအစိုးရအဖွဲ့အသစ်ဟာ မြန်မာနိုင်ငံကို ဖိအားပေးဖို့၊ အထီးကျန်နိုင်ငံဖြစ်ဖို့၊ အနောက်အုပ်စုရဲ့အလိုဆန္ဒအတိုင်း ပိတ်ဆို့မှုချမှတ်ဖို့ လိုလားနေသလား၊ ဒါဆိုရင် ထိုင်းအစိုးရသစ် ကိုယ်တိုင်စဉ်းစားဆုံးဖြတ်ရမှာဖြစ်တယ်"လို့လည်း ၎င်းက Facebook စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်နက်ခဲယမ်းနှင့်အတူ ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင် (၂)ဦးအား ဆုကြေးငွေကျပ် သိန်း(၄ဝ)ပေးအပ်
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း