လက်နက်ခဲယမ်းနှင့်အတူ ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင် (၂)ဦးအား ဆုကြေးငွေကျပ် သိန်း(၄ဝ)ပေးအပ်
Pearl (NSS) - ဇွန် ၂၄
လက်နက်ခဲယမ်းနှင့်အတူ ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင် (၂)ဦးအား ဆုကြေးငွေကျပ် သိန်းလေးဆယ် ပေးအပ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကမှ ယမန်နေ့ (ဇွန်လ ၂၃ ရက်)၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းမှ PDF အဖွဲ့ဝင်အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါဝင်ရောက်လာသူ(၂)ဦးအား ပြန်လည်လက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲ ပြောင်းပေးအပ်ခြင်းကို ဇွန်လ (၂၃)ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ အောင်ငြိမ်းအေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းတို့နှင့်အတူပါလာသည့် ပစ္စတိုသေနတ် နှစ်လက်အား တာဝန်ရှိသူများထံ အပ်နှံခဲ့ပြီး အဆိုပါ ပစ္စတိုနှစ်လက်အတွက် ဆုကြေးငွေကျပ်သိန်းလေးဆယ်နှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း နစကမှ ဆိုသည်။
ထိုသို့ပေးအပ်ခဲ့ပြီးနောက် ၎င်းတို့ (၂)ဦးအား ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ် ထိန်းသူများထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ် ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများအား ပေးအပ်သွားမည်ဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံအနေနဲ့ ထိုင်းနိုင်ငံရဲ့ပြည်တွင်းနိုင်ငံရေးကို ကြားဝင်စွက်ဖက်နေခြင်းများအား ရပ်တန့်စေလိုကြောင်း ထိုင်းပြည်သူများတောင်းဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ