ပြင်ဦးလွင်တွင် ရပ်ထားသည့် သစ်ကားအား ဆိုင်ကယ်မှ ဝင်တိုက်ခဲ့ရာ အမျိုးသမီး(၁)ဦးသေဆုံး
စော (NSS) - ဇွန် ၂၂
ပြင်ဦးလွင်တွင် ရပ်ထားသည့် သစ်ကားအား ဆိုင်ကယ်မှ ဝင်တိုက်ခဲ့ရာ အမျိုးသမီး(၂)ဦးအနက် (၁)ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဆိုင်ကယ်စီးလာသူနှစ်ဦးသည် ညီအစ်မများဖြစ်ကြပြီး ယနေ့(ဇွန်လ ၂၂ ရက်)၊ မွန်းလွဲ(၂)နာရီအချိန်တွင် ပြင်ဦးလွင်မြို့ဘက်သို့ တက်လာစဉ် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း တုသိတာလူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဘယ်လိုဖြစ်ပြီးတိုက်မိလဲတော့မသိဘူး။ ကားကတော့ရပ်ပြီး ဘီးဖာနေတာပါ။ အဲဒီကားက ပျက်နေလို့ရပ်ထားတာကို ကောင်မလေးနှစ်ယောက်က နောက်ကနေ ကား body ကိုဝင်တိုက်တာ။ ဆိုင်ကယ်မောင်းလာတဲ့ အကြီးမကတော့ ဆေးရုံအရောက်မှာ ဆုံးသွားပါတယ်”ဟု တုသိတာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် အသက်(၃၆)နှစ်အရွယ် မဇင်ငြိမ်းဇွန်သည် ပြင်ဦးလွင်ဆေးရုံအရောက်၌ ကွယ်လွန်သွားကြောင်း သိရသည်။
၎င်းတို့ညီမနှစ်ဦးသည် ပြင်ဦးလွင်မြို့နှင့် ဆယ်မိုင်အကွာခန့်ရှိ သုံးတောင်ကျေးရွာတွင် နေထိုင်ကြသူများ ဖြစ်ပြီး အသက်(၃၂)နှစ်အရွယ်ညီမဖြစ်သူမှာ မစိုးရိမ်ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတကာစံချိန်မီ သံနှင့်သံမဏိများထုတ်လုပ်နိုင်ရန် မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း ရည်မှန်းထား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ