သာကေတမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့၌ ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ (၅)ဦးထက်မနည်းထိခိုက်ဒဏ်ရာများရရှိခဲ့
စော (NSS) - ဇွန် ၂ဝ
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကားကြီးဂိတ်တွင် ကားနှစ်စီးဘေးချင်းယှဉ်တိုက်မိ၍ လူ (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇွန်လ ၂ဝ ရက်)၊ နံနက် (၆)နာရီအချိန်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်၌ ဟိုက်ဂျက်ယာဉ်နှင့် အငှားယာဉ်တို့သည် မြို့ထဲဘက်မှ တောင်ဒဂုံဘက်သို့ မောင်းနှင်လာစဉ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဟိုက်ဂျက်နှင့် အငှားယာဉ်က ဘေးချင်းယှဉ်မောင်းလာတာပါ။ ဟိုက်ဂျက်က အငှားယာဉ်ရဲ့ ဖင်ကိုဝင်တိုက်မိပြီး နှစ်စီးလုံးမှောက်သွားတာပါ။ အငှားယာဉ်ပေါ်က လူတွေပဲထိခိုက်ဒဏ်ရာရသွားပါတယ်”ဟု Medical လူငယ်များလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် အငှားယာဉ်ပေါ်ရှိ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အလားတူ သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမကြီး၊ ကျောင်းကွေ့ မီးပွိုင့်တွင် ယနေ့ နံနက် (၇)နာရီခွဲအချိန်၌ ကား(၄)စီး ဆင့်တိုက်မိကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဘယ်လိုဖြစ်ပြီး စတိုက်ကြတာလဲတော့ မသိဘူး။ မီးပွိုင့်နားမှာဖြစ်သွားတာပါ။ ကားကြောတွေတော့ နာရီဝက်လောက် ကြပ်သွားတယ်။ လိုင်းကားပေါ်မှာတော့ ခရီးသည်တွေပါပါတယ်။ ခေါင်းပိုင်းလေးပဲဆိုတော့ လူနာမထွက်ပါဘူး”ဟု အထက်ပါအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့ရှိ KTV၊ CLUB နှင့် BAR များတွင် ဖြန့်ဖြူးရောင်းချမည့် ငွေကျပ်သိန်း (၈ဝဝဝ)ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ