နွားထိုးကြီးမြို့နယ်၌ အရပ်သား(၃)ဦးအား PDF အဖွဲ့က ဓါးဖြင့်ခုတ်သတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - ဇွန် ၂ဝ
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ PDF အဖွဲ့က အရပ်သား(၃)ဦးအား အကြမ်းဖက်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် (ဇွန်လ ၁၇ ရက်)၊ ညနေ (၄)နာရီအချိန်တွင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဖောင်းချဉ်းမြောက်ကျေးရွာအဝင်လမ်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်၌ သေဆုံးသူ အမျိုးသား (၃)ဦးသည် အဆိုပါကျေးရွာနေ ဦးမင်းမြိုင်(၅၅)နှစ်၏ ကြက်ခြံ၌ အတူရှိနေစဉ် PDF အဖွဲ့အင်အား(၈)ဦးခန့်က ဆိုင်ကယ် (၅)စီးဖြင့် ရောက်ရှိလာပြီး အခင်းဖြစ်ပွားရာနေရာသို့ဖမ်းဆီးခေါ်ဆောင်ကာ ဓားဖြင့်ထိုးခုတ် သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့ ထိုးခုတ် သတ်ဖြတ်မှုကြောင့် ဦးမင်းမြိုင်အပါအဝင် ၎င်းနှင့်တစ်ရွာတည်းနေ ဦးကျော်အေး(၅၅)နှစ်နှင့် ဦးလမ်းဗိုလ်(ခ)ဦးလွမ်းဗိုလ်တို့(၃)ဦးတွင် ပြတ်ရှ ဓားဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်
အလားတူ မွန်းတည့်(၁၂)နာရီအချိန်တွင် မကွေးတိုင်း၊ အောင်လံမြို့နယ်၊ အင်းလယ်ကျေးရွာအုပ်ချုပ်ရေးမှူးသည် ရွှေပန်းတောကျေးရွာမှ ဈေးဝယ်ပြီးပြန်လာစဉ် ရွှေပန်းတောရွာနှင့် အင်းကြီးကုန်းကျေးရွာကြားတွင် PDF အဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်၊ ဓားဖြင့်ထိုးခုတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်၊ ထိုးခုတ်မှုကြောင့် အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သည့် ဦးမြင့်ဦး(ခ)ဦးမြင့်စိုးဦးတွင် ကျည်ထိမှန်၊ ပြတ်ရှဒဏ်ရာများရရှိခဲ့ကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးခဲ့ကြောင်းလည်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ အုပ်ချုပ်ရေးဆိုင်ရာဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သာကေတမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့၌ ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ (၅)ဦးထက်မနည်းထိခိုက်ဒဏ်ရာများရရှိခဲ့
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ