Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အလွတ်သဘောဆွေးနွေးပွဲက မြန်မာ့အကျိုးအတွက်ဖြစ်သလို ထိုင်းနိုင်ငံရဲ့အကျိုးစီးပွားအတွက်လည်းဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

Pika (NSS) - ဇွန် ၂ဝ 

ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် ဇွန်လ(၁၉)ရက်က ကျင်းပခဲ့သော မြန်မာနိုင်ငံအရေးအလွတ်သဘောဆွေးနွေးပွဲသည် အကျိုးရှိခဲ့ပြီး ပါဝင်တက်ရောက်ခဲ့သော ခေါင်းဆောင်များသည် ယင်းကဲ့သို့သော ဆွေးနွေးမှုများကို ပိုမိုလိုလားကြ ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဒွန်ပရာဝီနိုင်း က ပြောကြားခဲ့သည်။

ဒွန်ပရာဝီနိုင်း က "အစည်းအဝေးအတွင်း ပြောဆိုဆွေးနွေးမှုတွေက ကောင်းမွန်တဲ့အခြေအနေမှာရှိပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ဒီလိုဆွေးနွေးပွဲတွေ နောက်ထပ်လုပ်ပေးဖို့ ပါဝင်တက်ရောက်သူတွေကလည်း လိုလားကြပါ တယ်။ အလွတ်သဘောဆွေးနွေးမှုတွေဟာ ပြဿနာတွေကိုဖြေရှင်းနိုင်တဲ့နည်းလမ်းတစ်ခုပါ။ ထိုင်းက အရင်တုန်း က ဆွေးနွေးပွဲနှစ်ကြိမ် ကျင်းပဖူးပါတယ်။ အဲဒီဆွေးနွေးပွဲတွေက အကျိုးရှိခဲ့ပါတယ် ပြီးတော့ အရင်တုန်းက ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့သူတွေက ထပ်ပြီးမတက်ရောက်ကြတော့ပါဘူး။ နောက်ဆုံးဆွေးနွေးမှုမှာ အရင်က မဆွေးနွေးခဲ့ရတဲ့ကိစ္စတွေ ပေါ်ပေါက်လာပြီး ယခင်အစည်းအဝေးထက် ပါဝင်တက်ရောက်သူ ပိုမိုများပြားလာပါ တယ်" ဟု ပြောဆိုခဲ့သည်။

အဆိုပါအစည်းအဝေးကို မြန်မာနှင့်နယ်နိမိတ်ချင်းထိစပ်နေသော တရုတ်နှင့်အိန္ဒိယတို့ အပါအဝင် နိုင်ငံ(၇)နိုင်ငံမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ကီလိုမီတာ (၂ဝဝဝ)ကျော် နယ်နိမိတ်ချင်းထိစပ်နေပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ပြဿနာများကိုဖြေရှင်းရန်အတွက် ကြိုးပမ်းအားထုတ်မှုများသည် မနှောင့်နှေးသင့်ကြောင်း ဒွန်ပရာဝီနိုင်းက ပြောကြားခဲ့သည်။

ဒွန်ပရာဝီနိုင်း က "တစ်ခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာနိုင်ငံနဲ့ ရှည်လျားတဲ့နယ်နိမိတ်မျဉ်း ထိစပ်တာမျိုး မရှိပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြဿနာတွေကို အမြန်ဆုံးဖြေရှင်းဖို့ နည်းလမ်းတွေရှာဖို့ လိုအပ် တယ်ဆိုတာနဲ့ပတ်သက်ပြီး သူတို့က စိုးရိမ်မှုမရှိကြတာပါ။ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံရဲ့ အကောင်းဆုံးအကျိုးစီးပွား အတွက် စီစဉ်တာမျိုးဖြစ်ပေမယ့် အားလုံးက အဲဒီကိစ္စကို လျစ်လျူရှုထားပြီး မြန်မာနိုင်ငံအရေးကို အာဆီယံကပဲ ဦးဆောင်သင့်တယ်ဆိုတဲ့သဘောထားကို ခံယူထားကြပါတယ်။ မြန်မာနိုင်ငံအရေးဟာ ထိုင်းနယ်စပ်ကုန်သွယ်ရေး နဲ့ စီးပွားရေးကို ထိခိုက်စေပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လိမ်လည်လှည့်ဖြားတဲ့အုပ်စုတွေဟာ နိုင်ငံအတော်များများ က လူတွေကို လိမ်လည်နေကြပါတယ်။ ထိုင်းနိုင်ငံသားတွေဟာ  တရားမဝင်တဲ့အလုပ်တွေအတွက် နယ်စပ် ဖြတ်ကျော်မှုတွေ လုပ်ဆောင်နေပြီး မူးယစ်ဆေးဝါးတွေနဲ့ အခြားတရားမဝင်ထုတ်ကုန်ပြဿနာတွေလည်း ရှိနေပါတယ်" ဟု ပြောဆိုခဲ့သည်။

(၂ဝ၂၂)ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားအစိုးရလက်ထက်တွင် အာဆီယံအဖွဲ့ဝင်အားလုံးသည် မတူညီသော အချိန်အခါ၊ပုံစံအမျိုးမျိုးဖြင့် မြန်မာနိုင်ငံအရေးအား အောင်မြန်စွာဖြေရှင်းရန်နည်းလမ်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ဖူးသည်။ ဇွန်လ(၁၉)ရက်က ကျင်းပခဲ့သော အစည်းအဝေးတွင် ပါဝင်တက်ရောက်ခဲ့သူများသည် ရလဒ်များကို လူသိရှင်ကြားမဖော်ပြသင့်ဟု သဘောတူညီ ခဲ့ကြပြီး ၎င်းတို့အနေဖြင့် အဆုံးအဖြတ် (သို့မဟုတ်) သဘောတူညီချက်တစ်စုံတစ်ရာမှ မရရှိခဲ့ကြောင်း ဒွန်ပရာဝီနိုင်း က ပြောကြားခဲ့သည်။

၎င်းက "ဒီဆွေးနွေးပွဲက အကျိုးရှိတယ်ဆိုတာ သက်ဆိုင်သူတွေကို သိစေချင်ကြတာပါ။ ပြီးတော့ ကျွန်တော်တို့ ဒီလိုအစည်းအဝေးတွေကိုလည်း ပိုပြီး ကျင်းပသင့်ပါတယ်။ မြန်မာနိုင်ငံဟာ အဆိုပြုထားတဲ့ဖြေရှင်းချက်တွေကို တိုးတက်အောင် ကြိုးစားနေပါတယ်" ဟု ပြောဆိုခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

၂ဝ၂၃ ခုနှစ်၏ ပထမ (၄)လအတွင်း မီးလောင်မှုအကြိမ်ရေ (၈ဝဝ)နီးပါးဖြစ်ပွားခဲ့

RELATED POSTS
RECENT POSTS
အမေရိကန်နိုင်ငံ၊ မိန်းပြည်နယ်ရှိ လယ်ယာအိမ်တစ်ခုမှာ ၁၈ ရာစုကတည်းက ရှိနေတဲ့ ပျားအုံကြီးတွေ့ရှိ
23 Sep 2024
တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းရှိ တိရစ္ဆာန်ရုံတစ်ခုမှာ ပန်ဒါပုံစံခွေးလေးတွေ ခရီးသွားတွေကြား ရေပန်းစားနေ
23 Sep 2024
EXO အဖွဲ့ဝင် ဒိုကွမ်ဆို (D.O.) ကို ရည်ညွှန်းတဲ့ ညစ်ညမ်းတဲ့ပိုစ့်တွေနဲ့ ကောလဟာတွေ ပြောဆိုသူတွေကို တရားဥပဒေအရ အရေးယူမည်
23 Sep 2024
မြောက်ကိုရီးယားက ပေးပို့ခဲ့တဲ့မိုးပျံပူဖောင်းတွေက တောင်ကိုရီးယားရဲ့အစိုးရအဆောက်အဦးတွေအထိကို ရောက်ရှိလာ
22 Sep 2024
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved