ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသရှိသည့် တရုတ်လူမျိုး(၆)ဦးကို တရုတ်နိုင်ငံသို့လွှဲပြောင်း
ယွန်း (NSS) - ဇွန် ၂ဝ
ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသည့် တရုတ်လူမျိုး(၆)ဦးကို ရန်ကုန်လေဆိပ်မှတဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဇွန်လ(၁၉)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
လု၊ ချန်၊ တိန့် စသည့်ဆက်သွယ်ရေးလိမ်လည်မှု ကျူးလွန်ထားကြောင်း သံသယရှိသူ(၆)ဦးကို ဇွန်လ (၁၉)ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံရဲတပ်ဖွဲ့သို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လွှဲပြောင်းပေးခဲ့ပြီး အဆိုပါနေ့တွင် တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၆)ဦးကို မြန်မာ- ထိုင်းနယ်စပ်၌ တရုတ်-မြန်မာ-ထိုင်း သုံးပွင့်ဆိုင် ဆက်သွယ်ရေးလိမ်လည်မှုနှိမ်နင်းရေးလှုပ်ရှားမှုအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ လှုပ်ရှားမှုများသည် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှု၊ အထူးသဖြင့် လိမ်လည်မှု၊ လောင်း ကစား ရာဇဝတ်မှုများကို တရုတ်-မြန်မာ-ထိုင်း သုံးပွင့်ဆိုင် ပူးပေါင်းနှိမ်နင်းမှုကို အခိုင်အမာပြနေခြင်းဖြစ်ကြောင်း သံရုံးကဆိုသည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာ၊ ထိုင်းတို့နှင့်ပူးပေါင်းကာ တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျူးလွန်မှုများကို ထိရောက်စွာနှိမ်နင်းကာ ပြည်သူလူထု၏ ဘေးကင်းလုံခြုံရေးကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံက နျူကလီးယားလက်နက်များ အသုံးပြုလာနိုင်သည့်ခြိမ်းခြောက်မှုများ မြင့်တက်နေဟုဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ