မန္တလေး၌ အိမ်စီးကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ (၅)နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် (၂)ဦး သေဆုံး
NSS - ဇွန် ၁၉
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ စစ်ကိုင်း- မန္တလေးသွားကမ်းလမ်းတွင် မိသားစု(၄)ဦး လိုက်ပါလာသည့် အိမ်စီးကားတစ်စီး ယာဥ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ (၂)ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဥ်မှာ ဇွန်လ(၁၈)ရက်၊ ည(၁ဝ)နာရီဝန်းကျင်အချိန်ခန့်တွင် အမရပူရမြို့နယ်၊ စစ်ကိုင်း- မန္တလေးသွားကားလမ်းရှိ ကန်ပတ်လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သီရိဆင်ကာပရဟိလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ ကန်ပတ်လမ်းရှိ ဒေါ်အေးကျင်ဘူဖေးထမင်းဆိုင်နားတွင် မန္တလေးဘက်မှ စစ်ကိုင်းဘက်သို့ ပြန်လာသည့် အိမ်စီးကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“သူတို့က မန္တလေးကနေ စစ်ကိုင်းကိုပြန်လာရင်းဖြစ်တာပါ။ အဲဒီဘူဖေးထမင်းဆိုင်နားမှာက ကျောက်ပုံလေးတစ်ခုရှိတယ် အဲဒီကျောက်ပုံကိုဝင်တိုက်ရာကနေ မှောက်တာပေါ့။ တိုက်ပြီးတော့ ကားကအပေါ်ကို ထောင်သွားပြီးလေထဲမှာ သုံး၊ လေးပတ်လောက် ပတ်သွားတယ်လို့ အနားကလူတွေကပြောတယ်။ ယာဥ်မောင်းနဲ့ ကလေးနဲ့က ရှေ့မှန်ကနေ ပွင့်ထွက်ပြီး တော်တော်ဝေးဝေးကို လွင့်ထွက်သွားတယ်”ဟု သီရိဆင်ကာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
၎င်း အိမ်စီးကားပေါ်တွင် မိသားစုဝင်(၄)ဦး လိုက်ပါလာခြင်းဖြစ်ပြီး ဖြစ်စဥ်ကြောင့် ကိုရဲဝင်းထွန်း(၃၈)နှစ်အရွယ်နှင့် မောင်ကောင်းစည်သူ(၅)နှစ်တို့သည် အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။
“အမျိုးသမီးနဲ့ ကျန်နေတဲ့ (၃)နှစ်သားကတော့ ဒဏ်ရာတွေ ရထားတယ် အမျိုးသမီးကစိုးရိမ်ရတယ်။ သူတို့ကဆီဆိုင်ဖွင့်ထားတာ မှောက်တဲ့ နေရာနဲ့ဆို အိမ်ရောက်ဖို့သိပ်မလိုတော့ဘူး” ဟု အထက်ပါ လူမှုကူညီရေးအသင်းမှ ပြောဆိုထားသည်။
ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် အမျိုးသမီးနှင့် (၃)နှစ်အရွယ် ကလေးငယ်တို့အား မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၎င်းမှဆက်လက်ပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
BRICS ကို ပြင်သစ်က ဘာကြောင့် စိတ်ဝင်စားတာလဲ (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ