Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
BRICS ကို ပြင်သစ်က ဘာကြောင့် စိတ်ဝင်စားတာလဲ (ဘာသာပြန်ဆောင်းပါး)

ရဲထွန်း (သီပေါ) (NSS) - ဇွန် ၁၉


ကမ္ဘာပေါ်မှာ အရေးအပါဆုံး စီးပွားရေးအဖွဲ့အစည်းက ဘယ်အဖွဲ့လဲ။ G-20 ဆိုတဲ့ နိုင်ငံပေါင်း ၁၉ နိုင်ငံနဲ့ ဥရောပ သမဂ္ဂတို့ပါဝင်တဲ့ အဖွဲ့အစည်းလား။ အဲဒီ G-20 အဖွဲ့ထဲမှာ ကမ္ဘာ့စီးပွားရေးအင်အားတောင့် နိုင်ငံတွေ အားလုံးလိုလိုပါဝင်ပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့က ပြောင်းလဲနေတဲ့ ကမ္ဘာ့ပကတိ အခြေအနေတွေကို ကိုယ်စားပြုနိုင်ရဲ့လား။ နောက်တစ်ဖွဲ့က G-7 ။ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံအိုကြီးတွေရဲ့ ကလပ်ပေါ့။ ကမ္ဘာ့မြောက်ဘက်ခြမ်းကို ကိုယ်စားပြုတယ်ဆိုပေမယ့် အဲဒီမှာ အိန္ဒိယမပါ။ တရုတ်မပါ။ ရုရှားမပါ ပါဘူး။ ဒါကြောင့် ဒီနေ့ ပြောင်းလဲနေတဲ့ ကမ္ဘာမှာ အရေးကြီးတဲ့ စီးပွား‌ရေးအဖွဲ့အစည်းလို့ ပြောလို့ရပါ့မလား။ 


အခု BRICS ဆိုတဲ့အဖွဲ့ကို ကြည့်ကြရအောင်။ ဒီအဖွဲ့မှာ ပါဝင်တဲ့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက နိုင်ငံတွေက လူဦးရေဟာ ကမ္ဘာ့လူဦးရေရဲ့ ၄ဝ ရာခိုင်နှုန်းကျော် (၃.၂၄ ဘီလျံ) ရှိပါတယ်။ ဒီငါးနိုင်ငံရဲ့ ဧရိယာကကမ္ဘာ့မြေဧရိယာရဲ့  ၂၆ ရာခိုင်နှုန်းရှိပြီး ကမ္ဘာ့ထုတ်လုပ်မှုစုစုပေါင်း ဂျီဒီပီရဲ့ ၃၁ ဒသမ ၅ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုပါတယ်။ G-7 ရဲ့ထုတ်လုပ်မှု ဂျီဒီပီကတော့ အခုအခါမှာ ကျဆင်းနေပြီး ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ၃ဝ ရာခိုင်နှုန်းပဲရှိပါတော့တယ်။ 


အခုလောလောဆယ်မှာ နိုင်ငံတော်တော်များများက BRICS အဖွဲ့ဝင်နိုင်ငံ ဖြစ်ချင်နေကြပါတယ်။ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိကနိုင်ငံပေါင်း ၁၉ နိုင်ငံက အဖွဲ့ဝင်ဖြစ်ဖို့ တန်းစီနေကြတာပါ။ ဒါကြောင့် BRICS အဖွဲ့ရဲ့ ဂျီဒီပီ၊ စျေးကွက်နဲ့ အခွင့်အလမ်းတွေက တောက်လျှောက် တိုးတက်လာဖို့ပဲရှိပါတယ်။ 


 အခုစိတ်ဝင်စားဖို့ကောင်းတာက ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံလည်းဖြစ်၊ G-7 အဖွဲ့ဝင်လည်းဖြစ်တဲ့ ပြင်သစ်ကလည်း BRICS အဖွဲ့ကို ပူးပေါင်းဖို့ တံခါးလာခေါက်နေတဲ့ ကိစ္စပါ။ ပြင်သစ်သမ္မတ အီမန်နြူရယ် မက္ကရွန်က သြဂုတ်လအတွင်း တောင်အာဖရိကမှာကျင်းပမယ့် BRICS ထိပ်သီးအစည်းအဝေးကို တက်ရောက်ချင်တယ်လို့ ဇွန်လ ၁၃ ရက် ပြင်သစ်သတင်းစာ L'Opinion ကဆိုပါတယ်။ ဒါဟာ ပြင်သစ်က ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အဖွဲ့အစည်းဖြစ်တဲ့ BRICS ကို နှစ်သက်လိုလားကြောင်း သတင်းစကားပါးလိုက်တာ လည်းဖြစ်ပါတယ်။ ၁၅ ကြိမ်မြောက်နှစ်ပတ်လည် BRICS ထိပ်သီးအစည်းအဝေးကို တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်မြို့မှာ သြဂုတ်လ ၂၂ ရက်ကနေ ၂၄ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီအစည်းအဝေးမှာ BRICS အဖွဲ့ဝင် ၅ နိုင်ငံရဲ့ ခေါင်းဆောင်တွေ တက်ရောက်ကြမှာပါ။ သူတို့အပြင် BRICS အဖွဲ့ရဲ့ မိတ်ဆွေများလို့ခေါ်ကြတဲ့ ဘင်္ဂလား ဒက်ရှ်၊ ဆော်ဒီအာရေဗျ၊ ယူအေအီးနဲ့ အင်ဒိုနီးရှားနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေလည်း တက်ရောက်ကြပါလိမ့်မယ်။ ဒီအစည်းအဝေးမှာ တချို့နိုင်ငံတွေကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ သတင်းတွေ အဆိုအရ အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားတဲ့နိုင်ငံပေါင်း ၁၉ နိုင်ငံရှိပြီလို့ဆိုပါတယ်။ ခုနောက်ဆုံး လျှောက်ထားတဲ့ နိုင်ငံက အီဂျစ်နိုင်ငံပါ။ 


ဘာကြောင့် BRICS အဖွဲ့ရဲ့ ပေါ်ပြူလာဖြစ်မှုက တိုးတက်များပြားလာတာပါလဲ။ ရုရှားနဲ့ ယူကရိန်း စစ်ပွဲဖြစ် ပွားတဲ့နောက်မှာ၊ ပြင်သစ်အပါအဝင် အနောက်တိုင်းက ရုရှားအပေါ်မှာ ဆန့်ရှင်တွေ အများအပြားချမှတ်ပြီး အရေးယူပိတ်ဆို့မှု တွေလုပ်ပါတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများက သူတို့မျှော်လင့်ထားသလို သူတို့ဘက်ကိုမပါကြဘဲ ဆက်လက်ကြားနေကြပြီး ပဋိပက္ခအမြန်အဆုံး သတ်ရေးကိုဘဲ တောင်းဆိုကြပါတယ်။ ဒီနှစ် အစောပိုင်းကကျင်းပခဲ့တဲ့ ၅၉ ကြိမ်မြောက် မြူးနစ်လုံခြုံရေး ကွန်ဖရင့်က ကမ္ဘာ့တောင်ခြမ်းနိုင်ငံတွေကို ဦးတည်ပြီး သတင်းစကားပါးပါတယ်။ အတွင်းအနှစ် သဘောက အနောက်တိုင်းအနေနဲ့ အကြပ်အတည်းဆိုက်နေပြီလို့ ခံစားနေရကြောင်းနဲ့ သူ့ရဲ့ကမ္ဘာလုံးဆိုင်ရာသြဇာလွှမ်းမိုးမှုဟာ ဆုံးရှုံးလာနေတဲ့အကြောင်းဖေါ်ပြထားခြင်းဖြစ်ပါ တယ်။ ပြင်သစ်က ပြည်တွင်းမှာရော၊ ပြည်ပမှာပါ စိန်ခေါ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့်လည်း မက္ကရွန်က BRICS နဲ့ အဆက်အသွယ်ထူထောင်ခြင်းဟာ ပြင်သစ်အတွက် unearthing gold bricks ရွှေအုတ်ခဲ တွေ တူးဖေါ်ရရှိတာနဲ့ အတူတူပါဘဲလို့ ပြောခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီအစည်းအဝေးမှာ သူ့ကိုလည်း ဖိတ်ကြားဖို့ တောင်အာဖရိကသမတ ဆီရယ် ရာမာဖိုဆာ (Cyril Ramaphosa) ကို မက္ကရွန်က တောင်းဆိုတာပါ။


ဒုတိယအချက်အားဖြင့် ပြင်သစ်မှာ Gaullism ‌ဂေါလ်လစ်ဇင် လို့ခေါ်တဲ့ ချားလ်စ်ဒီဂေါလ် ရဲ့ဝါဒကျင့်သုံးတဲ့ အစဉ်အလာရှိပါတယ်။ ပြင်သစ်ဟာ သူ့ကိုယ်သူ အဓိကအင်အားကြီးနိုင်ငံအဖြစ် မှတ်ယူပြီး “သံတမန်ရေး သြဇာလွှမ်းမိုးမှု” မှာ အရေးကြီးတဲ့ နေရာကပါဝင်တတ်ပါတယ်။ ဂေါလ်လစ်ဇင်ဟာ ပြင်သစ်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ နှစ်ပေါင်းများစွာ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေပြီး၊ မက္ကရွန်အပါအဝင် ဘယ်ခေါင်းဆောင် သို့မဟုတ် ဘယ်အ စိုးရအဖွဲ့ကမှ မသွေဖည်နှိုင်တဲ့ “နိုင်ငံရေးကျင့်ဝတ်” တစ်ရပ်ဖြစ်နေပါတယ်။ ဥရောပ ခေါင်းဆောင်မှုရဲ့ မျိုးဆက် သစ် အလံကိုင်တယောက်အနေနဲ့ မက္ကရွန်ဟာ ပြင်သစ်နိုင်ငံရဲ့ နိုင်ငံရေးနဲ့ သမိုင်းပေးတာဝန်ကို ပြန်လည်ဖော်ထုတ် နေတာပါ။ 


တတိယအချက်က မက္ကရွန်ဟာ လက်တွေ့ကျတဲ့ခေါင်းဆောင်တစ်ယောက်ပါ။ သူဟာ အတားအဆီးတွေကို ချိုးဖျက်ဝန့်သူပါ။ ဒီအချက်နဲ့ပတ်သက်ရင် ပြည်တွင်းကပြုပြင်ပြောင်းလဲရေးမှာ သာမကဘဲ နိုင်ငံခြားရေးပေါ်လစီဆိုင်ရာ ဆုံးဖြတ်ချက်တွေအရလည်း သိနိုင်ပါတယ်။ ဥပမာအားဖြင့် ဥရောပရဲ့ လုံခြုံရေးပြဿနာတွေကို ဖြေရှင်းဖို့ အီးယူကနေနှုတ်ထွက်ထားတဲ့ ယူကေနိုင်ငံနဲ့ အီးယူမဟုတ်တဲ့အနောက်ဘော်လကန် နိုင်ငံတွေပါ ပါဝင်စေမဲ့ ဥ‌ရောပ နိုင်ငံ‌‌‌ရေးကွန်မြူနတီ တခုတည်ထောင်ဖို့ တင်ပြခဲ့တာမျိုးပါ။ နောက်တစ်ခုက ပြီးခဲ့တဲ့ ဧပြီလထဲမှာ တရုတ် နိုင်ငံကို ဥရောပသမဂ္ဂဥက္ကဋ္ဌ Ursula von der Leyen အာဆူလာ ဗွန်ဒါလီယန်း နဲ့အတူ သွားရောက်လည်ပတ်ပြီး တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်လိုစိတ် ပြင်းပြစွာရှိနေကြောင်းကို၊ အမေရိကန်က တရုတ်ဝိုင်းပယ်ရေး တိုးတက် လုပ်ဆောင်နေတဲ့ကြားက ပြသခဲ့တာဘဲဖြစ်ပါတယ်။ ဒီလှုပ်ရှားဆောင်ရွက်မှုတွေအားလုံးဟာ သူ့ရဲ့တီထွင်ဖန်တီး နှိုင်စွမ်းနဲ့ အချိန်အခါကို အမိအရဖမ်းဆုတ်နှိုင်စွမ်းကို ပြသတဲ့ အထောက်အထား တွေပါ။ 


ဒါ့ပြင် ဝါရှင်တန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ သြဇာကလည်း ကျဆင်းနေပါတယ်။ ဒါကြောင့် အမေရိကန်ရဲ့ သြဇာအရိပ်ကနေလွတ်လွတ်ကင်းကင်းရှိနေတာကို ပြသချင်တာ၊  ဒါမှမဟုတ် BRICS အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပိုမို ပူးပေါင်း ဆောင်ရွက်ဖို့ စိတ်ဝင်တစားရှိနေတာကြောင့်လည်းဖြစ်နှိုင်ပါတယ်။ မက္ကရွန်က အနောက်တိုင်းရဲ့ လက်ဝါးကြီး အုပ်မှုဟာ၊ အနောက်တိုင်းရဲ့ မှားယွင်းတဲ့ လုပ်ဆောင်ချက်တွေကြောင့် နိဂုံးခန်းကို ရောက်လာနေပြီလို့ ညွှန်ပြနေပါတယ်။ မက္ကရွန်ဟာ ဒေါ်နယ်ထရမ့်ကို ပဲရစ်ရာသီဥတု သဘောတူညီချက် Paris Climate Agreement စာချုပ် ကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားဖို့ တိုက်တွန်းခဲ့သေးတယ်လို့ ဆိုပါတယ်။ ၂ဝ၂၂ ခုနှစ်ကုန်မှာတုန်းကလည်း သူက အမေရိကန်ရဲ့ ငွေကြေးဖေါင်းပွမှု လျှော့ချ‌‌ရေး ဥပဒေအပေါ် ပေါက်ကွဲခဲ့ပါသေးတယ်။ ဒါပေမဲ့ အခြေ အနေက မူလအတိုင်းပါဘဲ။ အမေရိကန်က သူ့စကားကို နားမထောင်ပါဘူး။ 


ပိုဆိုးတာက အမေရိကန်ဟာ ယူကရိန်း အကြပ်အတည်းကနေ အကျိုးအမြတ်တွေရနေပြီး၊ ဝန်ထုပ် ဝန်ပိုး ကိုတော့ ဥရောပအပေါ် လွှဲချတာပါ။ ဥရောပရဲ့ အဓိက အင်အားကြီးနိုင်ငံတနိုင်ငံအနေနဲ့ ပြင်သစ်က ဒီဝန်ထုတ်ဝန် ပိုးကို ငြီးငြူရှောင်လွှဲနေလို့  မဖြစ်ပါဘူး။ ဒါကြောင့် မက္ကရွန်ရဲ့ ဒီလှုပ်ရှားမှု ( BRICS တွင်ပါဝင်လိုမှု) ဟာ အမေရိကန်ကို မကျေမနပ်ဖြစ်နေကြောင်းဖေါ်ပြတာလို့လည်း ယူဆနှိုင်ပါတယ်။ အမေရိကန်ဟာ အနောက်တိုင်း ရဲ့ ‌ခေါင်းဆောင်အဖြစ် အားမကိုယ်းထိုက်တော့ဘူး ဆိုတာ တိုးတိုးပြီးဖေါ်ပြလာနေတာပဲဖြစ်ပါတယ်။ 


BRICS အဖွဲ့ရဲ့ ယန္တယားနဲ့ အခြေခံဘောင်ဟာ၊ ဗဟုဝန်ရိုးစနစ်နဲ့ ပူးပေါင်းဆောင်ရွက်ရေးကို ထောက်ခံအား ပေးတာဆိုတဲ့ အချက်က ပြင်သစ်အပါအဝင် နိုင်ငံအတော်များများကို ညှို့အားပြင်းပြင်းနဲ့ ဆွဲဆောင်နေပါတယ်။ ဒါက သဘာဝအလျောက် တိုးတက်မှုကိုလည်း ကိုယ်စားပြုပါတယ်။ အချုပ်ပြောရရင်တော့ ဖွံ့ဖြိုးဆဲ နိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ရေးဟာ ဝရုန်းသုန်းကားဖြစ်နေတဲ့ ကမ္ဘာကြီးဆီကို အပြုသဘောဆောင်တဲ့ ရလဒ်တွေသယ် ဆောင်လာနှိုင်တယ်လို့ မက္ကရွန်အနေနဲ့ ယုံကြည်ယူဆလို့ BRICS နဲ့ဆက်သွယ်လာတာဖြစ်နိုင်ကြောင်းပါ။   

                                                                                                                

ကိုးကား- Why Macron may have a fondness for BRICS

- Why France is Knocking on the Doors of BRICS | Vantage with Palki Sharma


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

(၅)လအတွင်း ယာဉ်တိုက်မှုပေါင်း(၂ဝဝဝ)ကျော်ဖြစ်ပွားခဲ့ပြီး ယခင်နှစ်ထက် အကြိမ်ရေ (၅ဝဝ)နီးပါးကျဆင်း

RECENT POSTS
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved