ငါးဇွန်မြို့နယ်၌ PDF အဖွဲ့မှ ဓားဖြင့်ခုတ်သတ်သဖြင့် အမျိုးသား(၁) ဦးသေဆုံး
NSS - ဇွန် ၁၄
ငါးဇွန်မြို့နယ်၌ PDF အဖွဲ့မှ ဓားဖြင့်ခုတ်သတ်သဖြင့် အမျိုးသား(၁) ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်၊ နံနက် ၉ နာရီအချိန်တွင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာအရှေ့ကျေးရွာ၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာနေ ဦးထွန်းတင့် (၇၃)နှစ်သည် ၎င်းပိုင်ဆိုင်သောယာခင်း၌ ထင်းခုတ်နေစဉ် PDF အဖွဲ့မှ ရောက်ရှိလာပြီး ဓားဖြင့်ထိုးခုတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့ ဓားဖြင့်ထိုးခုတ်ခံရမှုကြောင့် ဦးထွန်းတင့်တွင် ထိုးသွင်း၊ ပြတ်ရှ ဓာဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်းလည်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သံလွင်မြစ်ကူးတံတားပေါ်၌ တပ်မှ Faw ကား နှင့် ဆိုင်ကယ်တို့တိုက်မိရာ တစ်ဦးသေဆုံးခဲ့ပြီး Faw ကားယာဉ်မောင်းအား စစ်စည်းကမ်းအရ အရေးယူထား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ