သံလွင်မြစ်ကူးတံတားပေါ်၌ တပ်မှ Faw ကား နှင့် ဆိုင်ကယ်တို့တိုက်မိရာ တစ်ဦးသေဆုံးခဲ့ပြီး Faw ကားယာဉ်မောင်းအား စစ်စည်းကမ်းအရ အရေးယူထား
Pearl (NSS) - ဇွန် ၁၄
သံလွင်မြစ်ကူးတံတားပေါ်၌ တပ်မှ Faw ကားနှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာ တစ်ဦး သေဆုံးခဲ့ပြီး Faw ကားယာဉ်မောင်းအား စစ်စည်းကမ်းအရ အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ ၁၃ ရက်)၊ နေ့လည်(၂)နာရီ အချိန်ခန့်တွင် မွန်ပြည်နယ် ၊ မော်လမြိုင် သံလွင်မြစ်ကူးတံတားပေါ်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်သား အချို့ပါဝင်သော Faw ကားသည် သံလွင်မြစ်ကူးတံတားအဆင်း၊ မုတ္တမဘက်ခြမ်း၌ မော်လမြိုင်ဘက်မှ မောင်းနှင်လာသည့် ဆိုင်ကယ်ဖြင့် မျက်နှာချင်းဆိုတိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"တပ်က Faw ကားနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်တာ။ တစ်ယောက် ဒဏ်ရာရတယ်။ တစ်ယောက်က ဆုံးတယ်။ တိုက်တဲ့သူကိုတော့ စစ်စည်းကမ်းအရ အရေးယူထားတယ်။ တပ်ဘက်က ဒဏ်ရာရတဲ့လူတော့ မရှိပါဘူး"ဟု မော်လမြိုင်အစိုးရအဖွဲ့နှင့်နီးစပ်သော သတင်းအရင်းအမြစ်မှ NP News ကိုအတည် ပြုပြောဆိုထားသည်။
ဖြစ်စဉ်ကြောင့် ဆိုင်ကယ်ပေါ်မှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးသွားခဲ့ ကြောင်း သိရသည်။
လက်ရှိတွင် Faw ကားယာဉ်မောင်းအား စစ်စည်းကမ်းအရ အရေးယူထားကြောင်း အထက်ပါ သတင်းအရင်းအမြစ်က ဆက်လက်ပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေအိမ် ခေါင်းမိုးပေါ်၌ အမျိုးသားတစ်ဦး ဓာတ်လိုက်မှု ရန်ကင်းမြို့နယ်တွင်ဖြစ်ပွား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ