ကျောင်တံခါးမြို့နယ်၌ PDF အဖွဲ့မှ Drone ဖြင့် ဗုံးပစ်ချတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦးထိခိုက်ဒဏ်ရာရရှိ
သန့်ဇင် (NSS) - ဇွန် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ကျောင်တံခါးမြို့နယ်၌ PDF အဖွဲ့မှ Drone ယာဉ်ဖြင့် ဗုံး(၁)လုံး ပစ်ချတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်၊ မွန်းလွဲ ၂နာရီအချိန်တွင် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကွင်းချောင်းကုန်းကျေးရွာအဝင် ပဲနွယ်ကုန်း-ကျောက်ကြီးကားလမ်း မိုင်တိုင်အမှတ် ၈ ၌ဖြစ်ပွားခဲ့ကြောင်း သိရသည်။
PDF အဖွဲ့သည် အဆိုပါမိုင်တိုင်အနီးသို့ Drone ယာဉ်ဖြင့် ပစ်ချတိုက်ခိုက်သဖြင့် ဗုံးတစ်လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ထိုသို့တိုက်ခိုက်မှုကြောင့် အခင်းဖြစ်ပွားရာအနီးဖြတ်သန်းသွားလာနေသည့် ကွင်းချောင်းကျေးရွာနေ ကိုသက်ပိုင်(၂၃)နှစ်နှင့် ကျောက်ကြီးမြို့နယ်၊ သိန်တန်းအပိုင်း(၁)ရက်ကွက်နေ ကိုသက်နိုင်လင်း (၂၈)နှစ်တို့သည် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အထက်ပါဖြစ်စဉ်၌ ပါဝင်ပတ်သက်သူများအား ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငါးဇွန်မြို့နယ်၌ PDF အဖွဲ့မှ ဓားဖြင့်ခုတ်သတ်သဖြင့် အမျိုးသား(၁) ဦးသေဆုံး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ