နေအိမ်အတွင်း အိပ်ပျော်နေသည့် အမျိုးသားတစ်ဦးအား ဓားဖြင့် ဝင်ရောက်ခုတ်မှု မကွေးမြို့၌ဖြစ်ပွား
စော (NP News) - ဇွန် ၁၁
မကွေးတိုင်း၊ မကွေးမြို့နယ်၊ နံကပ်ကျွန်းအုပ်စုတွင် နေအိမ်အတွင်း အိပ်ပျော်နေသည့် အမျိုးသားတစ်ဦးဓားဖြင့် ဝင်ရောက်ခုတ်ခံရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၁ဝ ရက်) ၊ ည (၁၁)နာရီခွဲအချိန်တွင် မကွေးမြို့၊ နံကပ်ကျွန်းအုပ်စု၊ မြောက်အောင်ပုံရပ်ကွက် ၊ (၆)လမ်းရှိ နေအိမ်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့(မကွေး)ထံမှ သိရသည်။
အဆိုပါအမျိုးသားသည် နေအိမ်တွင် အိပ်ပျော်နေစဉ် အမျိုးသားတစ်ဦးမှ အိမ်ပေါ်သို့ တက်ကာ ဓားဖြင့်ခုတ်သွားကြောင်း သိရသည်။
“သူက အိမ်ထဲမှာ အိပ်နေတဲ့အချိန် ဝင်ခုတ်သွားတယ်ပြောတယ်။ ခုတ်တဲ့လူတော့မမိသေးဘူး။ ခုတ်တဲ့လူက အမျိုးသားတစ်ယောက်ထဲလို့ကြားတယ်။ စကားကမပြောနိုင်ဘူး ဟိုက သူ့ကိုလည်ပင်းပါထိုးသွားတာ”ဟု ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့(မကွေး)မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ဓားခုတ်ခံရမှုကြောင့် ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ (၄)ချက်၊ ကျောဘက်တွင် ပြတ်ရှဒဏ်ရာ(၅)ချက်၊ လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ(၁)ချက်နှင့် ဘယ်ဘက်ပါးတွင် ပြတ်ရှဒဏ်ရာ(၁)ချက်တို့ ရရှိခဲ့ကြောင်း သိရသည်။
၎င်းအား စိုးရိမ်ရဒဏ်ရာဖြင့် မကွေးပြည်သူ့ဆေးရုံသို့ ပိုဆောင်ထားကြောင်း သိရသည်။
ထို့ပြင် ဓားဖြင့် ခုတ်ပြေးသွားသောအမျိုးသားအား အမှတ်(၁) မကွေးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားရဲ့နျူကလီးယားလက်နက်တွေကို ဘီလာရုစ်မှာ လာမယ့်ဇူလိုင်လအတွင်း စတင်ဖြန့်ဝေမယ်လို့ ရုရှားသမ္မတပူတင်ပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ