ရုရှားရဲ့နျူကလီးယားလက်နက်တွေကို ဘီလာရုစ်မှာ လာမယ့်ဇူလိုင်လအတွင်း စတင်ဖြန့်ဝေမယ်လို့ ရုရှားသမ္မတပူတင်ပြော
ရောင်နီ (NP News) - ဇွန် ၁၁
ရုရှားဟာ ဘီလာရုစ်မှာ အထူးသိုလှောင်ရုံတွေကို လာမယ့် ဇူလိုင်လ ၇ ရက်မှ ဇူလိုင်လ ၈ ရက်အတွင်း အဆင်သင့် ပြင်ဆင်ပြီးတာနဲ့ နည်းဗျူဟာမြောက် နျူလက်နက်တွေ စတင်ဖြန့်ကျက်ထားရှိတော့မှာ ဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇွန်လ ၉ ရက်၊ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
ဘီလာရုစ်မှာ အဆိုပါ နျူလက်နက်တွေ ဖြန့်ကျက်ထားဖို့ သဘောတူညီချက်ကို ပူတင်က ပြီးခဲ့တဲ့ မတ်လမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ "အရာရာတိုင်းဟာ အစီအစဉ်အတိုင်းဖြစ်နေပါပြီ"လို့ ပူတင်က ဘီလာရုသမ္မတ အလက်ဇန္ဒားလူကာရှန်ကို ကို ပြောကြားခဲ့ပါတယ်။ သက်ဆိုင်ရာ အဆောက်အဦးများ ပြင်ဆင်ခြင်းဟာ ဇူလိုင်လ ၇ ရက်မှ ဇူလိုင်လ ၈ ရက်အတွင်း ပြီးဆုံးမှာဖြစ်ပြီး ပြီးဆုံးတာနဲ့ ဘီလာရုစ်နယ်မြေမှာ သင့်လျော်တဲ့ လက်နက်အမျိုးအစားတွေ ဖြန့်ကျက်ထားရှိခြင်းနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေကို ချက်ချင်းစတင်မှာဖြစ်တယ်လို့ ရုရှားသမ္မတ ပူတင်က ဆိုပါတယ်။
ရုရှား- ယူကရိန်း ပဠိပက္ခမှာ အနောက်နိုင်ငံတွေက ယူကရိန်းကို လက်နက်ထောက်ပံ့နေခြင်းဟာ စစ်ပွဲကို ပိုရှည်ကြာစေတယ်လို့ ပူတင်က ပြောကြားဖူးပါတယ်။ ဒါ့ပြင် ဘီလရုစ်ကို နျူလက်နက်များ ပေးပို့ခြင်းဟာ ယူကရိန်းကို ထောက်ပံ့မှု ပြုလုပ်နေတဲ့ အနောက်နိုင်ငံတွေအတွက် တုံ့ပြန်မှုလို့ဆိုခဲ့တဲ့အတွက် ၎င်းရဲ့ အဆိုပါ နျူကလီးယား လှုပ်ရှားမှုကို အမေရိကန်နဲ့ နေတိုးမဟာမိတ်တွေက အနီးကပ်စောင့်ကြည့်နေပါတယ်။ အမေရိကန်က ရုရှားဟာ နျူကလီးယားဖြန့်ကျက်မှုကို လုပ်ဆောင်နေပေမယ့် နျူလက်နက် အသုံးပြုဖို့ ပြင်ဆင်နေတဲ့ အရိပ်အယောင်များ မတွေ့ရသေးကြောင်း ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်း/ပြည်ပမှ စိတ်ဝင်စားဖွယ် သတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း