တာချီလိတ်-မိုင်းဆက်လမ်းတွင် ကားတစ်စီးချောက်ထဲပြုတ်ကျမှုဖြစ်ပွားပြီး ယာဉ်မောင်းအမျိုးသားသေဆုံး
Pearl (NP News) - ဇွန် ၄
ရှမ်းပြည်နယ်၊ တာချီလိတ်-မိုင်းဆက်လမ်းတွင် ကားတစ်စီးချောက်ထဲပြုတ်ကျမှုဖြစ်ပွားပြီး ယာဉ်မောင်းအမျိုးသား သေဆုံးသွားခဲ့ကြောင်း ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၄ ရက်)၊ ညနေ (၄)နာရီအချိန်ခန့်တွင် တာချီလိတ်-မိုင်းဆက်လမ်း၊ ရွှေတောင်-ရွှေလီအဆင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘိလပ်မြေများတင်ဆောင်လာသော Faw ကားသည် အခင်းဖြစ်နေရာအရောက်၌ ဘရိတ်ပေါက်ပြီး ချောက်ထဲသို့ ကျသွားခဲ့ကြောင်း အထက်ပါ လူမှုကူညီရေးအသင်းမှ ဆိုသည်။
ဖြစ်စဉ်ကြောင့် ယာဉ်မောင်းအမျိုးသားသည် ဦးခေါင်းထိခိုက်ဒဏ်ရာရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းရုပ်အလောင်းအား တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာချီလိတ်မြို့တွင် ငွေကျပ်သိန်း(၄၆ဝဝ)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ