တာချီလိတ်မြို့တွင် ငွေကျပ်သိန်း(၄၆ဝဝ)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Pearl (NP News) - ဇွန် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ်သိန်း (၄၆ဝဝ)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ(၁)ရက်၊ ညနေ ၃ နာရီအချိန် တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဝမ်ကျောက်လုံကျေးရွာဘက်မှ ဆေခမ်းရပ်ကွက်ဘက်သို့ စိုင်းရှဲန်ကျောက် မောင်းနှင်လာသည့် TOYOTA CROWN မော်တော်ယာဉ်အား ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေ စစ်ဆေးရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး(Happy Water) (၄ ဒသမ ၂)ကီလိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖော်ထုတ်ချက်များအရ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာ၌ပါဝင်သူ အိုက်ရီအား TOYOTA CROWN မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ည ၉ နာရီအချိန်တွင် ၎င်းနေထိုင်သည့် တာချီလိတ်မြို့နယ်၊ ဟိုခိုကျေးရွာရှိနေအိမ်မှ ဆေးခြောက်(၇ဝဝ)ဂရမ် ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
လက်ရှိတွင် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းစက်သုံးဆီနှုန်းဈေး အကျပိုင်းဖြင့် ဆက်လက်တည်ငြိမ်နေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ