Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အဆိုတော်လီလီနိုင်ကျော် လုပ်ကြံခံရပြီးနောက် ထပ်မံလုပ်ကြံသတ်ဖြတ်ရန် စုံစမ်းခံနေရသည့် အနုပညာရှင်များစာရင်း ထွက်ပေါ်လာ

သတင်းအဖွဲ့ (NP News) - ဇွန် ၄

အဆိုတော် လီလီနိုင်ကျော် သေနတ်ဖြင့် လုပ်ကြံခံရပြီးနောက် ထပ်မံလုပ်ကြံသတ်ဖြတ်ရန် စုံစမ်းခံနေရသည့် အနုပညာရှင်များစာရင်း ထွက်ပေါ်လာခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် မေလ ၃ဝ ရက် ညပိုင်းအချိန်တွင် အဆိုတော် လီလီနိုင်ကျော်သည် ၎င်း၏ နေအိမ်တိုက်ခန်းအရှေ့၌ NUG လက်အောက်ခံ PDF အဖွဲ့ဝင်တစ်ဦး၏ သေနတ်ဖြင့် အနီးကပ်လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ထိုသို့ လုပ်ကြံခံရပြီးနောက်ပိုင်းတွင် ထပ်မံလုပ်ကြံမည်ဟုယူဆရသည့် အနုပညာရှင်များစာရင်းကို လူမှုကွန်ရက် စာမျက်နှာများ၌ ဖြန့်ဝေလာသည်ကို တွေ့ရှိရသည်။

အဆိုပါအနုပညာရှင်များ၏ စာရင်းကို အရိပ်မဲ့(Shadowless) တယ်လီဂရမ်ချန်နယ်မှတစ်ဆင့် ဖြန့်ဝေရေးသားခဲ့ခြင်းဖြစ်ပြီး ၎င်းအနုပညာရှင်များနှင့်ပတ်သက်သော နေရပ်လိပ်စာ၊ ပိုင်ဆိုင်မှု၊ လုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်နေသူများ၏ အချက်အလက်များကို သိရှိပါက သတင်းပေးပို့ရန် ရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရှိရသည်။

၎င်းတယ်လီဂရမ်ချန်နယ်သည် ဟာသသရုပ်ဆောင် လူရွှင်တော်ဒိန်းဒေါင်၊ အဆိုတော် ယုန်လေး၊ အကယ်ဒမီ ရန်အောင် အပါအဝင် အနုပညာရှင်(၇)ဦး၏ အမည်စာရင်းများကို ဖြန့်ဝေရေးသားခဲ့ပြီး ယင်းအနုပညာရှင်များနှင့်ပတ်သက်သော အချက်အလက်များကို သတင်းပေးပို့ရန်အတွက် တောင်းခံခဲ့ခြင်းလည်း ဖြစ်သည်။

အရိပ်မဲ့(Shadowless) တယ်လီဂရမ်ချန်နယ်မှ အထက်ပါကဲ့သို့ ရေးသားဖြန့်ဝေခဲ့ပြီးနောက် ဝင်ရောက်မှတ်ချက်ပြုသူအချို့ကလည်း စာရင်းပါအနုပညာရှင်(၇)ဦးအပြင် အခြားသောအနုပညာရှင်များဖြစ်သည့် လူမင်း၊ ပြေတီဦးအပါအဝင် အနုပညာရှင်အများအပြားကိုလည်း လုပ်ကြံရန် comment ရေးသားကာ တောင်းဆိုခဲ့သည်ကိုလည်း တွေ့ရှိရသည်။

အဆိုပါ တယ်လီဂရမ်ချန်နယ်ကို NUG နှင့်နီးစပ်သော အသိုင်းအဝိုင်းက ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရပြီး တော်လှန်ရေးအား အနှောက်အယှက်ပေးနိုင်သည့် ဒလန်၊ သစ္စာဖောက်များကို ထိုက်တန်သည့်အရေးယူမှုမျိုးပြုလုပ်ရန်လိုအပ်သော သတင်းအချက်အလက်များပေးနိုင်ရန်အတွက် တည်ထောင်ထားခြင်းဖြစ်ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။

“သတ်ဖို့စာထုတ်တယ်ဆိုတာက ကျွန်တော်ဘာလုပ်လို့လဲ။ ဘာလုပ်မိသလဲ။ ကျွန်တော့်ကြောင့် ဘယ်သူထောင်ကျဖူးလဲ။ ဘယ်မိသားစုတွေ ဘဝပျက်ဖူးသလဲ။ ကျွန်တော်သည် ပရဟိတအများဆုံးလုပ်တယ်။ သူများတွေကို ကူညီစောင့်ရှောက်တယ်။ မရှိတဲ့သူတွေကိုလှူတယ်။ ဒါတွေကလည်း သက်သေသာဓကတွေ ရှိပြီးသားပါ။ အခုဆိုရင်လည်း လူရွှင်တော်တွေ ဘဝတိုးတက်အောင်လို့ ဟာသအစည်းအရုံးဖြစ်အောင် လူရွှင်တော်အသင်းလေးကနေစပြီးတော့ ကျွန်တော်ကြိုးစားခဲ့တယ်။ အဲဒီတော့ ကျွန်တော့်ကို ဘာဖြစ်လို့သတ်ချင်တာလဲ။ စစ်ကောင်စီနဲ့ပေါင်းတယ်လို့ တချို့က ပြောကြတယ်လေ။ အဲဒီလိုဆိုရင် တစ်ခုထပ်မေးချင်တာက အကယ်ဒမီပေးပွဲ၊ လွတ်လပ်ရေးပွဲ၊ သင်္ကြန်ပြီးတော့ ခုလိုမျိုး လေဘေးရန်ပုံငွေပွဲ အဲဒီလိုပွဲတွေမှာ လူပေါင်းမြောက်များစွာပါတဲ့အထဲကမှ ကျွန်တော်ကို ဘာလို့ရွေးထုတ်တာလဲ” ဟု ဟာသသရုပ်ဆောင် လူရွှင်တော်ဒိန်းဒေါင်က NP News ကိုပြောသည်။

ရာဇသတ်ကြီးပုဒ်မ ၅ဝ၅ ဖြင့် အမှုဖွင့်ခံထားရပြီး နစကထံ ခံဝန်လက်မှတ်ရေးထိုးထားကာ ပူးပေါင်းဆောင်ရွက်နေသည့် အနုပညာရှင်များရှိသော်လည်း ၎င်းအပေါ် ယခုကဲ့သို့ ပစ်မှတ်ထားခြင်းသည် မည်သည့်အတွက်ကြောင့်ဖြစ်ကြောင်း လူရွှင်တော်ဒိန်းဒေါင်က မေးခွန်းထုတ်ထားသည်။

“စိုးရိမ်တာပေါ့ဗျာ။ သားသမီးတွေလည်းရှိတယ်လေ။ (၁)နှစ်မပြည့်သေးတဲ့သမီးလေးရော။ ဒီနှစ်မှကျောင်းစထားတဲ့ သမီးလေးတွေရော မူကြိုထားရတဲ့ကလေးတွေရောရှိတယ်‌။ မိဘရှိတယ်။ ညီအစ် ကို‌မောင်နှမရှိတယ်။ စိုးရိမ်တာပေါ့။ ဘာလို့ စိုးရိမ်လဲဆိုရင် တစ်ခါတစ်လေကျလို့ရှိရင် ကိုယ်လည်းဘာပြစ်မှုမှ မကျူးလွန်ဘဲနဲ့ အဲဒီလို တစ်ဖက်သက်ကြီးစွပ်စွဲပြီး တော့ လုပ်မယ်ဆိုတာကြီးကတော့ အတ္တကြီးလွန်းတယ်လို့ထင်တယ်” ဟု ဒိန်းဒေါင်က ဆက်လက်ပြောဆိုထားသည်။

အဆိုတော်ယုန်လေးအား လုပ်ကြံသတ်ဖြတ်နိုင်ပါက ငွေကျပ်သိန်း (၂၅ဝဝ) ပေးမည်ဟု သဘောဆောင်သည့် ပြောဆိုရေးသားမှုများကိုလည်း လူမှုကွန်ရက်စာမျက်နှာများ၌ ကျယ်ကျယ်ပြန့်ပြန့်တွေ့ရှိခဲ့ရသည်။

လက်နက်မဲ့ပြည်သူများကို သေကြေပျက်စီးစေချင်မျိုးနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမျှ လုပ်ဆောင်သည်ဖြစ်စေ လုံးဝဆန့်ကျင်ကြောင်းနှင့် မလုပ်သင့်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက NP News ကို မှတ်ချက်ပြုပြောဆိုထားသည်။

“ကျွန်တော်တို့ဟာ စစ်ပွဲဖြစ်နေရင်တောင်မှ အရပ်ဖက်ပစ်မှတ်တွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေအနည်းဆုံးဖြစ်အောင် ရှောင်ကြဉ်ရတယ်။ ဒါက ကျင့်ဝတ်ပေါ့။ အဲဒီတော့ အရပ်ဖက်ပစ်မှတ်တွေ သတ်ဖြတ်တာတွေ။ ပြီးတော့ လက်နက်မဲ့ပြည်သူတွေ သေကြေတာတွေနဲ့ပတ်သက်လို့ ဘယ်ဘက်ကပဲ လုပ်လုပ် ကျွန်တော်ကတော့ လုံးဝဆန့်ကျင်ပါတယ်။  ဒါဟာ မလုပ်သင့်ဘူး။ မဖြစ်သင့်ဘူးပေါ့ ရှောင်ရှားရမယ့် ကိစ္စလို့တော့မြင်ပါတယ်”ဟု ဦးကိုကိုကြီးက ပြောသည်။

နိုင်ငံရေးသဘောထား မတူညီမှုအပေါ်၌ ခြိမ်းခြောက်ခြင်း၊ ဆဲဆိုခြင်းများသည် ဒီမိုကရေစီဖော်ဆောင်နိုင်သော အလေ့အကျင့်မျိုးမဟုတ်ဟု ယူဆကြောင်းလည်း ၎င်းက သုံးသပ်ထားသည်။

အလားတူ ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်ကလည်း အပြစ်မဲ့အရပ်သား၊ ပြည်သူများအား အကြမ်းဖက်ကာ လုပ်ကြံသတ်ဖြတ်ဆောင်ရွက်နေမှုများကို လုံးဝလက်မခံကြောင်းနှင့် ပြုလုပ်နေသည့် ပုဂ္ဂိုလ်များဘက်ကလည်း လူသားချင်းစာနာစိတ်မွေးကာ ရပ်တန့်ရန် လိုအပ်ကြောင်း NP News ကို မှတ်ချက်ပြု ပြောဆိုထားသည်။

“ဒီလုပ်ကြံသတ်ဖြတ်အကြမ်းဖက်တာတွေက ယဉ်ကျေးမှု၊ သမိုင်းဆိုင်ရာ ကျွန်တော်တို့ အမျိုးသားသရုပ်လက္ခာတွေ အားလုံးအပေါ်မှာ ရိုက်ခတ်မှုကြီးကြီးမားမားရှိတယ်။ ယုံတောင် မယုံနိုင်တဲ့အနေအထား ဖြစ်ဖြစ်လာတာပေါ့ဗျာ။ ဒါတွေက ဖြစ်သင့်၊ မဖြစ်သင့်ဆိုရင် မဖြစ်သင့်ဘူးပေါ့ဗျာ။ မဖြစ်သင့်တဲ့ဟာကို ဖြစ်အောင်လုပ်နေကြတဲ့ ပုဂ္ဂိုလ်တွေဘက်က ကျွန်တော်တို့ရဲ့ လာမယ့်အနာဂတ်၊ လာမယ့်နိုင်ငံတော်တည်ဆောက်ရေးကို တွေးပြီးတော့ ရပ်စေချင်တယ်” ဟု ဒေါက်တာအေးမောင်က ဆိုသည်။

ထို့ပြင် လက်ရှိနိုင်ငံရေးပဋိပက္ခကာလများအတွင် အရပ်သားပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများ၊ မီဒီယာအဖွဲ့ အစည်းများသည်လည်း ခြိမ်းခြောက်ခံရကာ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့ဖူးသည်။

နိုင်ငံရေးပါတီများ ခြိမ်းခြောက်ခံရမှုနှင့်ပတ်သက်၍ “နိုင်ငံရေးနည်းလမ်းနဲ့သွားမယ်ဆိုတဲ့ဟာတွေက နောက်တန်းကို ရောက်သွားတာကိုဗျ။ ဉာဏ်အားထက် ခွန်အားကို သွားကြတာကို။ အဲဒီမှာ ထိပ်တိုက်တွေ့မှုတွေ ရှိလာတာပေါ့။ ကိုယ်က မှန်တယ်။ သူက မှန်တယ်။ ဒီလိုနိုင်ငံရေးနည်းလမ်းနဲ့ သွားတဲ့ဟာက တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေအတွက် ဆန့်ကျင်ဘက်ဖြစ်လာတယ်။ အဲဒါမျိုးအမြင်လေးတွေနဲ့ လက်နက်ကိုင်အင်အားစုတွေရဲ့ ဆန့်ကျင်မှု၊ ဝေဖန်ထောက်ပြမှု၊ ပြစ်တင်ရှုတ်ချမှုတွေကိုလည်း ဒီကာလ ဒီနိုင်ငံမှာလည်း ခံကြရတယ်။ ခံနေကြဆဲဖြစ်တယ်” ဟု ဒေါက်တာအေးမောင်က မှတ်ချက်ပြုထားသည်။

အလားတူ လက်ရှိနိုင်ငံရေးပဋိပက္ခများအတွင်း မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုဖြစ်စဉ်များ ရပ်တန့်ရေးအ တွက် လွတ်လပ်စွာသီးခြားရပ်တည်ပြီး တိုက်တွန်းပြောဆိုနေသည့် NP News အပါအဝင် ပြည်တွင်းမီဒီယာများသည်လည်း ခြိမ်းခြောက်မှုကို ခံနေရလျက်ရှိသည်။

မီဒီယာသမားများကို ခြိမ်းခြောက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းတို့အား မပြုလုပ်သင့်ကြောင်းနှင့် ၎င်းကဲ့သို့လုပ်ရပ်များကိုလည်း ပြစ်တင်ရှုတ်ချကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က ပြောသည်။

“အဖြစ်မှန်ကို ရပ်တည်တဲ့ သတင်းမီဒီယာအချို့ရှိမယ်။ အစိုးရရဲ့သတင်းမီဒီယာရှိမယ်။ တစ်ဖက်က အခုနလို NUG တို့နဲ့ ပတ်သက်တဲ့ မီဒီယာတွေရှိမယ်ပေါ့ဗျာ။ ဒါလေးတွေကို ဖတ်ရင် သိသာပါတယ်။ မီဒီယာဆိုတာ လူထုကို ဖြစ်စဉ်ဖြစ်ရပ်ကို သင်ခန်းစာယူအောင်၊ နားလည်အောင် လူထုသိအောင် ဖွင့်ချပေးတဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့အခါမှာ အလွန်တရာအရေးကြီးတယ်ဗျ။ အဲဒါကို သူ့ဘက်ကိုယ့်ဘက်က သဘောပေါက်ပေးဖို့လိုတယ်။ စစ်မြေပြင်မှာတောင်မှ သတင်းအမှန်ကို ရစေချင်တဲ့အခါမှာ အသက်စွန့်ပြီးတောင်မှ သတင်းယူပေးကြတာပဲလေ။ ဒါဟာ မီဒီယာတွေရဲ့ စွန့်လွတ်စွန့်စားပြီးမှ လူထုကို အလုပ်အ ကျွေးပြုတဲ့ကဏ္ဍဗျ။ အဲဒီလိုပုဂ္ဂိုလ်တွေကို အခုနလို သူ့ဘက်ကိုယ့်ဘက် ပေတံနဲ့တိုင်းပြီးမှ လုပ်ကြံတာတို့၊ သတ်ဖြတ်တာတို့ အခြားဆောင်ရွက်တာတို့က မလုပ်အပ်ဘူး။ ကျွန်တော်တို့ကတော့ ပြစ်တင်ရှုတ်ချပါတယ်။ ဘယ်ဘက်က ဖြစ်ဖြစ်။ သတင်းမီဒီယာသမားတွေရဲ့ ရပ်တည်ချက်ဘက်ကလည်း သူ့ရဲ့ ကျင့် ဝတ်နဲ့အညီ လူထုကို သတင်းအမှန်တွေကို တင်ပြပေးအပ်တယ်လို့ပဲ သုံးသပ်ပါတယ်” ဟု ဒေါက်တာအေးမောင်က ဆိုသည်။

ထို့ပြင် မီဒီယာများအနေဖြင့် နိုင်ငံအတွင်း၌ အကြမ်းဖက်မှုများ ပြင်းထန်နေချိန်တွင် အချို့သော ရေးသားပြောဆိုနေမှုများသည် အကြမ်းဖက်မှုများကို အားပေးမှုသဘောသက်ရောက်နေကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးက ဆိုသည်။

“မီဒီယာကို ခြိမ်းခြောက်တဲ့ ကိစ္စမျိုးကတော့ ဒါက လက်နက်မဲ့ ပြည်သူတွေကို ခြိမ်းခြောက်သလိုပဲ။ မီဒီယာတွေကို ခြိမ်းခြောက်တယ်ဆိုတဲ့ ကိစ္စဟာမဖြစ်ကို မဖြစ်သင့်ဘူး။ မီဒီယာတွေကလည်း ကိုယ့် Ethic ကို၊  ကိုယ့်ကျင့်ဝတ်ကို တိတိကျကျလိုက်နာဖို့လိုတယ်။ အခုဟာက ဒီအကြမ်းဖက်မှုတွေ ပြန့်ပွားလာတဲ့ ကိစ္စဟာ မီဒီယာတွေမှာလည်း တာဝန်ရှိတယ်လို့ မြင်ပါတယ်”ဟု ဦးကိုကိုကြီးက ပြောသည်။

မြန်မာနိုင်ငံ၌ ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သော ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ လက်ရှိ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလအထိ လက်နက်မဲ့ပြည်သူများအနေဖြင့် အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဦးရေသည် (၄၇၃၇)ဦးအထိ ရှိခဲ့သည်။

ထိုသို့ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသူများထဲတွင် ရဟန်းသံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ လက်နက်မဲ့အရပ်သားများ၊ နိုင်ငံရေးပါတီဝင်များ၊ အနုပညာရှင်များ ပါဝင်ထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်အတွင်း ‌စာရင်းဝင်ကုမ္ပဏီ(၇)ခု၏ ရှယ်ယာစုစုပေါင်း (၁ ဒသမ ၇၅)သန်းအရောင်းအဝယ်ဖြစ်ခဲ့

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved