ဗိုလ်တထောင် စိန်ပေါလ်မှတ်တိုင်၌ အိမ်စီးကားတစ်စီး ဓာတ်တိုင်ဝင်တိုက်ပြီး ပက်လက်လန်တိမ်းမှောက်
NP News - ဇွန် ၃
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ စိန်ပေါလ်ကားမှတ်တိုင်အနီးတွင် ဇွန်လ ၂ ရက်ညပိုင်းက အိမ်စီးကားတစ်စီး ပက်လက်လန်တိမ်းမှောက်ခဲ့ကြောင်း ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ သိရသည်။
ယမန်နေ့ည (၁၁)နာရီခန့်က ဗိုလ်တထောင်မြို့နယ်ရှိ သိမ်ဖြူလမ်းအတိုင်းမောင်းနှင်လာသည့် အိမ်စီးကားသည် စိန်ပေါလ်မှတ်တိုင်အနီးအရောက် အရှိန်မထိန်းနိုင်ဘဲ ဓာတ်တိုင်အားဝင်တိုက်မိပြီးနောက် ပက်လက်လန်တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
"ကားကအတော်ပျက်စီးသွားတယ် ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ ပျက်စီးသွားတာတွေကို ကူညီရှင်းလင်းပေးခဲ့ပါတယ်"ဟု ရှင်သန်ရေးလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ဘဲ ပက်လက်လန်တိမ်းမှောက်မှုကြောင့် ပျက်စီးသွားသည့်အိမ်စီးကား၏ အစိတ်အပိုင်းများအား ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်က ဟေတီ ဝန်ကြီးချုပ်ဟောင်းကို ပြည်ဝင်ခွင့် ပိတ်ပင်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ