Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်က ဟေတီ ဝန်ကြီးချုပ်ဟောင်းကို ပြည်ဝင်ခွင့် ပိတ်ပင်

ရောင်နီ (NP News) - ဇွန် ၃

       အမေရိကန်ဟာ အကျင့်ပျက်ခြစားမှုနှိမ်နင်းရေးတစိတ်အပိုင်းအနေနဲ့ ဟေတီဝန်ကြီးချုပ်ဟောင်း လောရန်လာမို့ကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။ 

        အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ လာမို့ရဲ့ သိသာထင်ရှားတဲ့ အကျင့်ပျက် ခြစားမှုမှာ ပါဝင်ပတ်သက်မှုကို ကိုးကားပြီး ၄င်းအပေါ် ပိတ်ဆို့အရေးယူမှုကို သောကြာနေ့(ဇွန်လ ၂ ရက်)မှာ ကြေညာခဲ့ပါတယ်။ လာမို့ဟာ ပုဂ္ဂလိက အကျိုးအမြတ်အတွက် ဟေသီ အစိုးရရဲ့ PetroCaribe အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုနဲ့ လူမှုဖူလုံရေးရန်ပုံငွေမှ အနည်းဆုံး အမေရိကန်ဒေါ်လာသန်း (၆ဝ)ကို အလွဲသုံးစားပြုခဲ့တယ်လို့ ဘလင်ကန်က ဆိုပါတယ်။ အဆိုပါ အကျင့်ပျက်လုပ်ရပ်နဲ့ ရန်ပုံငွေစီမံခန့်ခွဲမှုမှာ လာမို့ရဲ့ တိုက်ရိုက်ပါဝင်ပတ်သက်မှုဟာ အများပြည်သူဆိုင်ရာ တာဝန်ရှိသူတစ်ဦးအနေနဲ့ ၎င်းရဲ့အခန်းကဏ္ဍကိုအသုံးချပြီး ဟေတီနိုင်ငံ လက်ရှိခံစားနေရတဲ့ နိုင်ငံရေး မတည်မငြိမ်ဖြစ်စေဖို့ ပံ့ပိုးကူညီခဲ့တယ်လို့ ဘလင်ကန်က ဆိုပါတယ်။ 

လူဦးရေ (၁၁ ဒသမ ၄) သန်းကျော်နေထိုင်တဲ့ လက်တင်အမေရိကနိုင်ငံ၊ ဟေတီဟာ အထူးသဖြင့် ၂ဝ၂၁ ခုနှစ် သမ္မတ ဂျိုဗီနယ်လ်မိုစီ လုပ်ကြံခံရပြီးနောက် အုပ်စုဖွဲ့ အကြမ်းဖက်မှုများ ပေါ်ပေါက်လာကာ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်လာခဲ့ပါတယ်။ အမေရိကန် တရားရေးဌာနမှ အစိုးရရှေ့နေတွေနဲ့ ဟေတီရှိ အရာရှိတွေက မိုစီ လုပ်ကြံခံရခြင်းကို ဖော်ထုတ်ဖို့ ကြိုးပမ်းနေပါတယ်။

          အမေရိကန်ဟာ သမ္မတ မိုစီကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုအပြင် ဟေတီမှာ အကျင့်ပျက်ခြစားမှုကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် ပြီးခဲ့တဲ့ ဧပြီလက ဟေတီ အောက်လွှတ်တော်အမတ်ဟောင်း ဂါရီဘိုဒူကို ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ချက်များ ချမှတ်ခဲ့ပါတယ်။ ဒီဇင်ဘာလကလည်း အမေရိကန်က  ဟေတီ အထက်လွှတ်တော်အမတ် ရိုနီကက်လက်စတင်း နဲ့ အထက်လွှတ်တော်အမတ်ဟောင်း ရစ်ချက်လီနင်ဟာဗ်ဖောဆန့် တို့ကို နိုင်ငံတကာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုအတွက် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

ဒါ့ပြင် နိုဝင်ဘာလကလည်း အမေရိကန်နဲ့ ကနေဒါက  ဟေတီ အထက်လွှတ်တော် သမ္မတ ဂျိုးဆက်လန်ဘတ် နဲ့ အထက်လွှတ်တော် သမ္မတဟောင်း ယူရီလာတောတော့တို့အပေါ် ငွေကြေးခဝါချမှုနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုမှတစ်ဆင့် အုပ်စုဖွဲ့အကြမ်းဖက်သမားတွေကို ကျောထောက်နောက်ခံပြုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်နိုင်ငံအနေနဲ့ စီးပွားရေးအခက်အခဲဖြစ်ရမယ့်အခြေအနေကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သမ္မတ ဂျိုးဘိုင်ဒန်ပြော

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved